အိမ်ပေါ်တတ်လာပြီးတည်းက အလိုမကျခဲ့သောစိတ်တွေက နောက်နေ့တွေအထိလည်း ကြည်လင်မနေခဲ့တာမို့ ဒီညတော့ မူးရူးနေအောင်သောက်ပြီး Clubမှာ လွှတ်ကဲသည်။
သူ့အချစ်ဆုံးသူငယ်ချင်းဆိုးဖော်ဆိုးဖတ် Park Jiminဆိုတဲ့ကောင်ရဲ့ Companyက ကုန်ပစ္စည်းအသစ်ဖြစ်တဲ့ Wine တစ်ခုကိုမိတ်ဆက်ပွဲလုပ် Sponsor ပေးရင်း မတ်တပ်ပင်ကောင်းကောင်းမရပ်နိုင်အောင် အဖော်ကောင်းကောင်းနဲ့ သောက်ခဲ့သည်။
Clubပိုင်တဲ့ သူငယ်ချင်းနဲ့ Wineတွေထုတ်တဲ့ Company က သူငယ်ချင်းတို့ပေါင်းမိတာလည်း အဆန်းမဟုတ်... ဒါတောင် US မှာ DJ သင်တန်း ခဏသွားတတ်နေတဲ့ Jungkook ဆိုတဲ့ ယုန်ပေါက်စလိုကောင်က ပြန်မရောက်သေးလို့ ။
Taeminkookဆိုတာနဲ့ ၃ယောက်ပေါင်းလောင်းကျော်ရုံမက တခါတလေ Seoul ပါကျော်ပြီး US ထိသွားသောင်းကျန်းကြတတ်သေးသည်။
Tae Hyung မိသားစုကိစ္စတွေ ပြသနာတတ်နေတဲ့အချိန် ၂ယောက်လုံးအနားမှာမရှိနေကြ၍သာ ဒီအခြေအနေတွေထိဖြစ်လာတာ ။
အိမ်ပေါ်ကို ပြန်တတ်ဖို့ နာရီကြည့်လိုက်မှ မနက်၃နာရီတောင်ထိုးနေရော...။ တစ်ခါမှနောက်မကျဖူးသေးတာကြောင့် ခြံတံခါးကို လာဖွင့်ပေးမယ့်သူမရှိရင်တော့ ကားနဲ့တိုက်ဖျက်ပြီးကို ဝင်ချပစ်ဦးမှာ...။
ဒီအိမ်ကြီးရဲ့နေရာတိုင်းမှာ မကောင်းဆိုးဝါးလိုအငွေ့အသက်တွေနဲ့မို့ တစက်လေးမှမနေချင်ပေမယ့်လည်း သူကသာအဖေ့သားအရင်းမို့ အဖေ့ကိုပြန်မရရင်တောင် ကျန်တာတွေကိုသူပိုင်စိုးရမည်မို့ ခပ်တည်တည်နဲ့မာန်ကိုတင်းချထားတာ တအိမ်လုံးရှိသမျှအိမ်အကူတွေကလည်း သူ့ကိုမခေါ်ရဲ... မျက်နှာချင်းမဆိုင်ရဲ ..
အပြင်ထွက်ခါနီးကလွဲလို့ အခန်းထဲကထွက်မလာတတ်သော Tae Hyungဟာ ထွက်လာခဲ့ရင်လျှင်လည်း ၂ခါပြန်မကြည့်ပဲ မနေနိုင်အောင်ထင်းလင်းတောက်ပနေတာမို့ အလိုလိုရှိန်နေကြတာလည်းပါသည်။
တစ်အိမ်လုံးမှာ သူစကားပြောဖူးတာဆိုလို့ Kim Seok Jin တစ်ယောက်တည်း ..အဖေမရှိနေတဲ့ အချိန်အတွင်း သူသေချာသိတာ တွေ့တိုင်းစကားများရတဲ့ Kim Seok Jin တစ်ယောက်တည်း ။
YOU ARE READING
သံယောဇဉ်အကျဥ်းသား (Taejin)
Fanfictionနမ်းလိုက်တိုင်း အဲ့နှုတ်ခမ်းတွေက ချိုနေတာသိပေမယ့်လည်း.... သူ့ရင်ဘတ်ထဲမှာ လာခါးသည်။ အရိုင်းဆန်တဲ့အထိအတွေ့တွေပါ ဆိုတာတောင်မှ နွံထဲမှာရုံးတဲ့နွားလို နစ်ပြီးရင်းနစ်နေတာ.... သွေးရူးသွေးတန်းထွက်ပြေးလိုက်တိုင်း ဒီရင်ခွင်ရှိရာ အရပ်ကိုပဲမျက်စိလည်ပြီး ပြန...