"ခင်များ... ကျွန်တော့်ကို ခွဲသွားဖို့ကြိုးစားနေတာလား Hyung ရယ်.... "
စိတ်ကိုအတန်တန်ထိန်းထားရင်းကြားက ဒေါသတွေနဲ့လောင်မြိုက်နေတဲ့ကြားကနေတောင် ဒီမျက်ရည်တွေကို ထိန်းချုပ်နိုင်စွမ်းမရှိခဲ့...ဟန်ဆောင်ထားနိုင်စွမ်းမရှိခဲ့..။ ဒေါသထွက်တိုင်း ငိုပါငိုရတဲ့အထိ Tae Hyung ဟာ Seok Jin ရှေ့မှာ ခဏခဏပျော့ညံ့လွန်းခဲ့သည်။
" မငိုနဲ့လေ... မငိုပါနဲ့ Tae Hyung "
ပုခုံးပေါ်မျက်နှာအပ်ပြီး ရုတ်တရက်ကြီး ငိုချပစ်လိုက်ကာ တင်းတင်းကျပ်ကျပ်ဖတ်ထားရင်း တသိမ့်သိမ့်တုန်နေတဲ့ ကိုယ်လေးကို ပြန်ဖတ်ထားပေးတာကလွဲလို့ ဘာပြန်လုပ်ပေးရမလဲ မတွေးတတ်တော့အောင် Seok Jin ဆွံ့အသွားသည်။
Tae Hyung ကို မျက်ရည်ကျစေတဲ့အထိ ဘာတွေကမှားနေခဲ့တာလဲ... Tae Hyungရဲ့ မျက်ရည်ဟာ သူ့ပုခုံးတွေပေါ် တစ်ခါစိမ့်ကျလာတိုင်း တစ်ခါနာကျင်ရတာမို့ သူလည်းမွန်းကျပ်လာခဲ့သည်။ ဘယ်တော့မှ မျက်ရည်မကျစေချင်ခဲ့သော သိပ်ချစ်ရတဲ့ ကလေးလေး...။
''ငါ့နောက်ကို ဘာလို့လိုက်လာတာလဲ... "
'' ခင်များကို လာကြိုတာ... ခင်များဖုန်းမကိုင်လို့လိုက်ရှာနေတာ... စောက်ရူးလိုလိုက်ရှာနေတာ "
'' ပြန်လာမှာပေါ့ ငါ့မှာဘယ်သွားစရာရှိလို့လဲ ''
" အဲ့ စေ့စပ်ပွဲကဘာလဲ... အဲ့သတင်းတွေက ဘာတွေလဲ အရမ်းပျော်ပြီးပြုံးနေတဲ့ ခင်များကရော ဘာလဲ ဘာလို့လဲ... ဘာလို့လဲ! ပြောပါဦး ကျွန်တော့ကို "
'' ငါမပြုံးခဲ့ပါဘူး ငါမပျော်နေဘူး.... စိတ်ကိုလျော့ပြီး ငါ့ကိုကြည့်စမ်းပါဦး Tae Hyung ဘာဖြစ်တာလဲ
...ဟင်...! "သူ့ပုခုံးပေါ်က Tae Hyung မျက်နှာလေးကို အတင်းဆွဲယူကြည့်တဲ့အခါ မျက်ဝန်းအိမ်မှလိမ့်ဆင်းလာသော မျက်ရည်စတွေကို လက်ကလေးနှင့် အသာအယာသုတ်ပေးလိုက်သည်။ နားလည်ရခက်တဲ့ပုစ္ဆာတွေထက် ပိုလေးနက်တဲ့မျက်လုံးတွေနဲ့ သူ့မျက်နှာကို စေ့စေ့ကြည့်ပြီး ငိုနေတာကိုမြင်တာ့ ရင်ထဲနင့်သွားကာ အသက်တွေတောင် ရှူရခက်လာသည်။
ချစ်ရတာမလွယ်လိုက်တာ...။
YOU ARE READING
သံယောဇဉ်အကျဥ်းသား (Taejin)
Fanfictionနမ်းလိုက်တိုင်း အဲ့နှုတ်ခမ်းတွေက ချိုနေတာသိပေမယ့်လည်း.... သူ့ရင်ဘတ်ထဲမှာ လာခါးသည်။ အရိုင်းဆန်တဲ့အထိအတွေ့တွေပါ ဆိုတာတောင်မှ နွံထဲမှာရုံးတဲ့နွားလို နစ်ပြီးရင်းနစ်နေတာ.... သွေးရူးသွေးတန်းထွက်ပြေးလိုက်တိုင်း ဒီရင်ခွင်ရှိရာ အရပ်ကိုပဲမျက်စိလည်ပြီး ပြန...