အပိုင်း (28)

1.1K 139 34
                                    

" Hyung ~~ "

မျက်လုံးမဖွင့်ပဲ ကြိုက်တဲ့အချိန်တိုးဝှေ့လိုက်တာနဲ့ ထိတွေ့နေကျငွေ့အသက်နွေးနွေးလေးနေရာက အေးစက်စက်နဲ့...။
အိပ်ချင်မူးတူးထပ်တိုးလိုက်တိုင်း အံဝင်ခွင်ကျဖြစ်သွားတဲ့ ရင်ခွင်နဲ့အတူ နဖူးပေါ်ကွက်တိကျရောက်လာတတ်တဲ့ အနမ်းတွေရော ဘယ်မှာလဲ...။

လက်ကိုတရွေ့ရွေ့စမ်းရင်း ခပ်လှမ်းလှမ်းအကွာလေးကနေ အနားထိတိုးကပ်လာအောင်ဆွဲဖတ်ပစ်နေကျ ခန္တာကိုယ်လေးတစ်ခုလုံးကိုပါ မထိတွေ့မိတဲ့အခါ မျက်လုံးတွေချက်ချင်းကျယ်သွားပြီး ဝုန်းခနဲထထိုင်လိုက်မိသည်။

" Hyung... ဘယ်မှာလဲ "

ရေချိုးခန်းဘတ်ကိုလှမ်းကြည့်မိတော့လည်း တံခါးကပွင့်လျက်သားမို့ မရှိတာကသေချာသည်။
နာရီကိုလှမ်းကြည့်လိုက်တဲ့အခါ မနက်၅နာရီတောင်ရှိနေပြီ။
ဗိုက်ဆာလို့တစ်ခုခုများ ထချက်နေတာလား...။

Seok Jinကိုစိတ်မချလို့ တစ်ညလုံး ကောင်းကောင်းမအိပ်နိုင်ခဲ့ခြင်းတွေ​နဲ့ ညပေါင်းများစွာလန့်လန့်နိုးနေတဲ့ ရက်တွေဆက်လာတာမို့လို့ ဒီညမှာ ဘယ်လိုအိပ်မောကျသွားခဲ့မှန်းပင် မသိလိုက်...။ နိုးလာတော့အနားမှာမရှိတဲ့အခါ ကယောင်ချောက်ခြားနဲ့ တကယ်နေရခက်လာပြီး အသက်ရှူတောင်မဝချင်တော့...။

သူတစ်ယောက်တည်းကြိတ်ပြီး ဥစ္စာခြောက်ရလွန်းလို့ တစ်ခါတစ်လေဆို တစ်ညလုံးမလွှတ်ပေးပဲ ကိုင်ထားမိတဲ့လက်ကလေးတွေ...။ အိပ်နေတဲ့အချိန် အတူတူရှိနေရဲ့နဲ့တောင် တနည်းနည်းနဲ့ခွှဲခွာသွားရမှာစိုးကာ အသက်ရှူနေသေးရဲ့လားလို့ ရင်ဘတ်နားကပ်ကပ်ပြီး နှလုံးခုန်သံလေးကို ခိုးခိုးနားထောင်ခဲ့ရတဲ့ သူ့ရဲ့ရူးသွပ်ခြင်းတွေကို Seok Jinက ဘယ်သိမှာလဲ...။
မိုးလင်းလာရင်တော့ ကောင်းကောင်းအိပ်ပျော်ခဲ့တယ်လို့ သေသေချာချာလိမ်ခဲ့တာချည်းပါပဲ။

Kim Seok Jinကို ဘယ်လောက်ချစ်သလဲမေးရင် တကယ်အဲ့လောက်ထိကို အရူးတစ်ပိုင်းဖြစ်တဲ့အထိ Kim Tae Hyungက ချစ်ရတာပါ...။ အပိုတွေမဟုတ်ပဲ သူ့အတွက်က အများကြီးတောင် လိုအပ်ပါသေးတယ်...။

အောက်ထပ်မှာရှိနေမယ်အထင်နဲ့ စိတ်ကိုငြိမ်ငြိမ်ထားကာ ဆင်းလာခဲ့တော့ အိမ်ပြန်အိပ်ကြတဲ့အိမ်အကူတွေတောင် ရှိမနေတဲ့ မီးဖိုဆောင်အခန်းနဲ့ အောက်ထပ်ဧည့်ခန်းဟာလည်း ခြေရာလက်ရာမပျက်။

သံယောဇဉ်အကျဥ်းသား (Taejin)Where stories live. Discover now