အပိုင်း (34)

1K 132 19
                                    

" ဘာလုပ်တာလဲ ... မင်းတို့လက်တွေနဲ့ Kim Seok Jinကို ထိချင်တိုင်းမထိနဲ့ !! "

ရင်ကွဲမတတ် နက်နက်နဲနဲအော်လိုက်တဲ့အသံဟာ အားလုံးရဲ့လှုပ်ရှားမှုတွေကို ဟန့်သလိုက်အရှိန်မျိုးနဲ့ ဟိန်းခနဲ...။

Tae Hyungကိုယ်တိုင်လည်း ဘာမှမတတ်နိုင်တော့ပဲ သန်သန်မာမာနဲ့ လူမိုက်တစ်အုပ်လက်ထဲပါသွားခဲ့ပြီး Seok Jinမျက်နှာလေးကို ခပ်လှမ်းလှမ်းကငေးကြည့်ရုံသာ တတ်နိုင်ခဲ့သည်။

" ငါ နင့်ကို ပစ်မှတ်အဖြစ်ရွေးချယ်ခဲ့တာ အရမ်းမှန်သွားပြီပဲ Seok Jin... ကြည့်စမ်း Kim Tae Hyungက နင့်ကိုထိတာနဲ့ အရူးအတိုင်းပဲ ဖြစ်နေလိုက်တာ...သူဘာမှတတ်နိုင်တာလဲမဟုတ်ပဲနဲ့ ဟား ဟား ဟား.... "

Seok Jinအနားမတ်တပ်ရပ်နေကာ လက်ပိုက်ဟားတိုက်နေတဲ့ Kim Damiဟာ Tae Hyungနဲ့ သူ့ခွေးကောင်တွေရဲ့ လှုပ်ရှားမှုတွေကို ပြပွဲတစ်ခုလို ဖျော်ဖြေရေးတစ်ခုလို အေးဆေးဇိမ်ခံကြည့်နေပြီး Tae Hyungရှေ့မှာ သွားရပ်ကာ ဒေါသတွေကိုထပ်ဆွနေသည်။

" ရွံစရာကောင်းတဲ့မိန်းမ ! ခင်များ Hyungကို ဘာလုပ်တာလဲ... Hyungကိုဘာလို့ကျုပ်ဆီကနေခေါ်သွားတာလဲ ... ခင်များကိုသတ်ပစ်မယ် "

"Seok Jinက နင်ပိုင်တာမှမဟုတ်တာ...Seok Jinက နင့်ကြောင့်ဒုက္ခရောက်နေရတာ... သိလား!
နင်သာ ငါလိုချင်တာပေးခဲ့ရင်... နင်သာငါ့စကားကိုသေချာနားထောင်ခဲ့ရင် နင်သာအစောကြီးကတည်းက သူ့ဘဝထဲကထွက်သွားခဲ့ရင် ဘယ်သူ့ကိုမှ ဘာမှလုပ်နေစရာမလိုဘူး Seok Jinလည်း ခုလို ဒုက္ခတွေခံရမှာ မဟုတ်ဘူး "

" Hyungကို ကျုပ်တစ်ယောက်တည်းပိုင်တာ...ခင်များလိုမကောင်းဆိုးဝါးက Hyungရဲ့အမေတောင်မဖြစ်ထိုက်တဲ့ မိန်းမ...! ခင်များ​ကHyungဘဝကို အရင်ကတည်းက ဒုက္ခအပေးဆုံး မိန်းမ... လူမဆန်တဲ့မိန်းမ ! ကျုပ်မိသားစုကိုဖြိုခွဲတဲ့ အောက်တန်းစားမ...! တန်ဖိုးမရှိတဲ့မိန်းမ...! ဘဝတစ်လျှောက်လုံးမှာ ဘယ်သူ့အချစ်ကိုမှမခံခဲ့ရတဲ့ ရွံစရာမိန်းမ !"

" ဖြောင်း... ဖြောင်း ! "

ဘယ်ပြန်ညာပြန်ရိုက်ချက်တွေက ဒီတစ်ခါ Tae Hyungပါးပေါ်မှာ...။ Tae Hyung စကားတွေက အမှန်တရားတွေချည်းပဲမို့ အရှိုက်ထိသွားရတဲ့အခါ Kim Damiဟာ ဆက်ဆက်ခါအောင်နာသည်။

သံယောဇဉ်အကျဥ်းသား (Taejin)Nơi câu chuyện tồn tại. Hãy khám phá bây giờ