" အဓိပ္ပာယ်မရှိတာ! လူတစ်ယောက်ကို သိမ်းထားတာတဲ့လား ငါ့သားကိုများ ... စောက်ရူးကောင်က "
" ဟိုနေ့က Yuriက Oppaကို စိတ်ပူလို့ ဖုန်းခေါ်တော့ Kim Tae Hyung ကိုင်တာ ... မာမီက တကယ်ပဲဘာမှ မသိဘူးလား မာမီ့သားကို အရမ်းပိုင်တယ်ဆိုပြီး လူတစ်ယောက်လုံးပျောက်နေတာတောင် မသိဘူးလား မာမီ့သားကို Kim Tae Hyung ခြယ်လှယ်လွှမ်းမိုးနေတာတွေ ဘာမှမသိဘူးလား "
ကွဲလိုက်ရတဲ့အရှက်တွေဟာ ခန္တာကိုယ်တစ်ကိုယ်လုံးထဲက သွေးတွေပါပူကနဲ...။ စီစဥ်ထားသမျှတွေ ဘယ်အရာမှမအောင်မြင်ပဲ လူပုံအလည် အရှက်ကွဲရတာတွေနဲ့ မျက်နှာပျက်ရတာကတစ်မျိုး နှစ်မျိုးမကတော့...။
" မသိတာမဟုတ်ဘူး Yuri မာမီအနားကပ်လို့ကို မရသေးတာ Jinကိုယ်တိုင်ကိုက အဲ့ကောင်ကိုတွယ်ငြိနေတာ .. အဲ့ဒီနွံထဲကနေ သူကိုက မရုန်းတာ... မာမီ့မှာလုပ်စရာတွေက အခုမှစမှာ ခဏစောင့်ပါ Yuri "
" Yuri အရှက်ကိုကြည့်ပါဦး... စေ့စပ်ပွဲပျက်လို့နာမည်ကြီးနေရတဲ့အထဲ Companyထိ Kim Tae Hyungလိုက်ပြီး အရှက်ခွဲပြီးတည်းက Oppaနဲ့ကို အဆက်အသွယ်မရတော့တာ... Jin Oppaကိုလက်ထပ်ပြီးတာနဲ့ မာမီ့အလောင်းကစား အကြွေးတွေအားလုံး Yuriဘတ်က အကုန်လျှော်မှာနော်... အဲ့ငွေ Amountတွေဘယ်လောက်များလည်း မာမီအသိဆုံးပါ... Yuri က Kim Group ကိုလည်းမလိုချင်ဘူး စိတ်လည်းမဝင်စားတော့ဘူး Yuriက မာမီ့သား တစ်ယောက်တည်းကိုပဲ စိတ်ဝင်စားတော့တာ... မရနိုင်လို့ပိုလိုချင်တာ"
" အို ... Yuriက ဘာလို့မရနိုင်ရမှာလဲ ..အလကား ..! Kim Tae Hyungဆိုတာ မာမီလက်ပိုက်ကြည့်နေလို့သာ ယောင့်တတ်နေတာ အဲ့ကောင်က ဘာကောင်များမို့လို့လဲ"
" Yuriတို့အတွက် ဘာကောင်မှမဟုတ်လည်း Jin Oppa အတွက် သူကအဓိကပဲ မာမီ သူတို့ကိုခွဲပစ်မှကို Yuriတို့ကိစ္စတွေအဆင်ပြေမှာ ထပ်ပြီးအချိန်မဆွဲချင်တော့ဘူး ကိုယ်တိုင်ဝင်ပါလိုက်ရတော့မလား Yuri စိတ်မရမ်းမရှည်တတ်ဘူး "
" Yuriကို မာမီတားစရာ ဘာမကြောင်းမှမရှိဘူး... မာမီလိုချင်တာက Yuriဘတ်မှာရှိတယ် Yuriလိုချင်တာက မာမီ့ဆီမှာရှိတယ် အားလုံးမျှမျှတတပဲ "
" မာမီ့ကိစ္စတွေ Yuriဘာမှစိတ်မဝင်စားဘူး Yuri Targetက Oppaကို ရအောင်ယူမှာ...ပြန်ခေါ်မှာ မာမီလုပ်စရာရှိတာ မာမီလုပ် Yuri လုပ်စရာရှိတာ Yuri လုပ်မယ်.. နောက်ထပ်ပြီး တစ်ခုမှ လွဲချော်မသွားဖို့ပဲလိုတယ် မာမီ..."
![](https://img.wattpad.com/cover/284647180-288-k827707.jpg)
YOU ARE READING
သံယောဇဉ်အကျဥ်းသား (Taejin)
Fanfictionနမ်းလိုက်တိုင်း အဲ့နှုတ်ခမ်းတွေက ချိုနေတာသိပေမယ့်လည်း.... သူ့ရင်ဘတ်ထဲမှာ လာခါးသည်။ အရိုင်းဆန်တဲ့အထိအတွေ့တွေပါ ဆိုတာတောင်မှ နွံထဲမှာရုံးတဲ့နွားလို နစ်ပြီးရင်းနစ်နေတာ.... သွေးရူးသွေးတန်းထွက်ပြေးလိုက်တိုင်း ဒီရင်ခွင်ရှိရာ အရပ်ကိုပဲမျက်စိလည်ပြီး ပြန...