ဧည့်သည်တွေနဲ့စကားပြောနေရသော်လည်း သူ့စိတ်ထဲမှာ မာမီ့မျက်နှာကိုမြင်နေရတာ တစ်ခုခုက အဆင်မပြေသလိုမျိုး စိုးထိတ်နေသလိုမျိုး ဖြစ်နေသည်။
မာမီ့မျက်နှာဟာ မနေ့ညကသူနဲ့ဘာပြသာနာမှ မရှိခဲ့သလိုပင် ကျေကျေနပ်နပ် ပြုံးရွှင်နေလိုက်တာ....
ဒါက မာမီ့ရဲ့ ဘယ်အချိန်မှာ ဘယ်လိုတပ်တဲ့မျက်နှာဖုံးဆိုတာ သူသာအသိဆုံးမို့ စိတ်က Tae Hyung ဆီသာ ရောက်ရောက်နေမိသည်။
တခုခုလေးမှ ပြန်မတုံ့ပြန်ရလျှင် ဒီလိုအေးဆေးနေမယ့် သူမျိုးမဟုတ်ဘူး... အခုလည်း ဧည့်သည်အကြောင်းပြပြီး သူ့ရုံးခန်းထဲ ရောက်နေပြန်ပြီ...။
ဥက္ကဌမရှိတုန်း မာမီ Company ကို ဝင်ထွက် ချယ်လှယ်နေတာမျိုးကို သားဖြစ်တဲ့သူက လုံးဝမကြိုက်။
မာမီ့ရဲ့ လောဘမသတ်နိုင်တဲ့အကြံတွေ လောင်းစကားနောက်လိုက်ရင်း အလိုရမ္မက်ကြီးလာခြင်းတွေက မာမီ့စိတ်တွေကို ပိုအမှောင်ဖုံးနေသည်မို့ Tae Hyung ဘတ်ကိုလှည့်မဲတဲ့အချိန် သူ မကာကွယ်နိုင်ခဲ့မှာ သိပ်ကြောက်ပါသည်။
" Yuri က သိပ်တော်တာ သူတို့ KB နဲ့ J လုပ်ငန်းစုလေးသာ ပေါင်းလိုက်ရင် မာမီတို့လည်း Kim Group နီးပါးဖြစ်သွားမှာ... အဲ့ကျရင် မင်းက Kim Group ရဲ့ Director ဆိုပေမယ့် J ရဲ့ CEO ပါ ဖြစ်လာမှာ "
J ဆိုတာ Kim Seok Jinရဲ့ share လေးတွေစုပြီး Kim Group အောက်မှာ တည်ထောင်ထားတဲ့ company အငယ်လေးတစ်ခုဖြစ်သည်။ သူ့ရဲ့လုပ်အားခ သူရလာတဲ့ အကျိုးအမြတ်အားလုံး ခြစ်ခြစ်ကုတ်ကုတ်လေးစုကာ J လေးကို အသက်သွင်းခဲ့သည်။
Tae Hyung တို့မိသားစုရဲ့ Kim Group ကို တာဝန်ကျေအောင် ကြိုးစားပေးဖို့ကလွဲရင် စိတ်နဲ့တောင်မပစ်မှားခဲ့...။
" Kim Group ရဲ့လက်အောက်မှာ J ဆိုတာလေး ဖြစ်အောင် ကျွန်တော်ကြိုးစားထားခဲ့တာ J ကို ကျွန်တော်ရှာတဲ့ ငွေနဲ့ပဲ တိုးတတ်အောင်တည်ထောင်မယ် မာမီ J က ဘယ်သူ့အထောက်အပံ့မှမပါတဲ့ လုပ်ငန်းစုသန့်သန့်လေးပဲ ဖြစ်ရမယ်"
" နင်ရှာနေပုံနဲ့ J က Company လေးတစ်ခုအနေနဲ့ပဲ သွားနေမှာ Kim Group က ငါတို့လက်ထဲအပြီးရောက်နေတာ မဟုတ်ဘူး... ဒါဆို Kim Group ကို နင့်လက်ထဲအကုန်ရောက်အောင်လုပ်နိုင်မှာလား တစ်ဖတ်တစ်လှမ်းက ငါ ကူညီပြီးလမ်းဖွင့်ပေးနေတာကို နင်လျှောက်ကိုလျှောက်ရမယ်လေ "
YOU ARE READING
သံယောဇဉ်အကျဥ်းသား (Taejin)
Fanfictionနမ်းလိုက်တိုင်း အဲ့နှုတ်ခမ်းတွေက ချိုနေတာသိပေမယ့်လည်း.... သူ့ရင်ဘတ်ထဲမှာ လာခါးသည်။ အရိုင်းဆန်တဲ့အထိအတွေ့တွေပါ ဆိုတာတောင်မှ နွံထဲမှာရုံးတဲ့နွားလို နစ်ပြီးရင်းနစ်နေတာ.... သွေးရူးသွေးတန်းထွက်ပြေးလိုက်တိုင်း ဒီရင်ခွင်ရှိရာ အရပ်ကိုပဲမျက်စိလည်ပြီး ပြန...