" ဒါဆို အဲ့Projectကို ဘယ်သူကရသွားတာလဲ "
"....."
" ကျွန်တော့် Mailထဲကို ဒီ၄ရက်အတွင်းက Duty Reportတွေ အကုန်ပို့ထားပေး ... "
"....."
" Branch managerကို ဘူဆန်က projectဆီလွှတ်ထားလိုက် ကျွန်တော်ရုံးပြန်တတ်တာနဲ့ အဲ့စာရင်းတွေအကုန်ပြီးနေတာမြင်ချင်တယ် "
"....."
"အဲ့တာကို ဘာလို့ခုထိမလုပ်ရသေးတာလဲ ဒီရက်ထဲမှာ ကျွန်တော်မရှိတာနဲ့ ဘာအလုပ်မှမလုပ်ပဲနေနေကြတာလား "
လက်မှာဆေးပိုက်ကချိတ်ထားရဆဲ နှုတ်ခမ်းလေးတွေကဖြူဖျော့နေဆဲတောင်မှ အလုပ်နဲ့ပတ်သတ်လာရင် နည်းနည်းလေးမှဇွဲမလျော့ မာန်မချတဲ့သူကို Tae Hyung က ချစ်နေရင်းနဲ့ပဲတခါတလေလေးစားအားကျခဲ့တာ အရင်ကတည်းက..။
တကယ်ဆိုSeok Jin ကြိုးစားသမျှ ထိန်းချုပ်သမျှဟာ Kim Groupအတွက် အကျိုးအမြတ်ချည်းပဲမို့ Tae Hyung အတွက်ကြောင့် ဒီနေရာကိုဆက်ထိန်းပေးပြီး ဦးဆောင်ရပ်တည်နေရတာကို သူနားလည်သည်။
သတိပြန်ရလာတဲ့သူလက်ထဲကို Nam Joonက ဖုန်းနဲ့ Tabletထည့်ပေးလိုက်ကတည်းက တောက်လျှောက်အလုပ်တွေလုပ် Companyကိုcontrolတွေပြန်ပေးနဲ့ ဆေးရုံအခန်းလေးထဲမှာ နာရီပိုင်းအတွင်း ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်လိုက် လှမ်းပွားလိုက်နဲ့ တစ်ခါတစ်လေ စိတ်တိုင်းမကျလို့ မျက်မှောင်ကျုံ့ဆူပူနေသူကို Tae Hyungက မျက်နှာချင်းဆိုင်က ထိုင်ခုံပေါ်မှာခြေချိတ်ထိုင်ကာ ကြည့်ကောင်းကောင်းနဲ့ ထိုင်ကြည့်နေခဲ့တာ...။
Kim Seok Jinရဲ့ အမူအရာတိုင်း လှုပ်ရှားမှုတိုင်းက ဘာလို့အဲ့လောက်တောင် ဆွဲဆောင်မှုတွေရှိပြီး မျက်နှာမလွှဲချင်လောက်အောင် ချစ်ဖို့ကောင်းနေရတာလဲ...။ အရင်ကတည်းက ဘယ်လိုနေနေချောနေတဲ့ ယောက်ကျားပေမယ့် တခြားတစ်ဖတ်မှာ ကလေးဆန်ဆန်ချစ်စရာကောင်းတဲ့ ခန့်မှန်းလို့မရတဲ့အမူအရာလေးတွေရှိနေတာကို အခုမှသတိထားမိလို့ နောင်တတောင်ရချင်လာသည်။
အချိန်မှီဖွင့်ဟဝန်ခံလို့သာပဲ.... မဟုတ်ရင် တကယ်ရူးမှာ
Kim Seok Jinကိုမှ မပိုင်ဆိုင်ရဘူးဆိုရင် Tae Hyung တကယ်ရူးသွားနိုင်တာမို့လို့...။
VOUS LISEZ
သံယောဇဉ်အကျဥ်းသား (Taejin)
Fanfictionနမ်းလိုက်တိုင်း အဲ့နှုတ်ခမ်းတွေက ချိုနေတာသိပေမယ့်လည်း.... သူ့ရင်ဘတ်ထဲမှာ လာခါးသည်။ အရိုင်းဆန်တဲ့အထိအတွေ့တွေပါ ဆိုတာတောင်မှ နွံထဲမှာရုံးတဲ့နွားလို နစ်ပြီးရင်းနစ်နေတာ.... သွေးရူးသွေးတန်းထွက်ပြေးလိုက်တိုင်း ဒီရင်ခွင်ရှိရာ အရပ်ကိုပဲမျက်စိလည်ပြီး ပြန...