''လှေကားပေါ်ကလိမ့်ကျတာ... "
" ငယ်ငယ်လေး သနားပါတယ်... ဘာဖြစ်သွားပြီလဲ မသိဘူး "
ဆေးရုံတစ်ဝန်းလုံးပတ်ပြေးနေရင်း အထပ်တစ်ခုရဲ့လျှောက်လမ်းပေါ်မှာ အချင်းချင်းတီးတိုးပြောသွားကာ လှေကားရှိရာဘတ်အခြမ်းမှာလည်း လူတွေအုံနေတာမို့ Seok Jin ခြေလှမ်းတွေက ထိုနေရာကို အလိုလိုရွေ့သွားရသည်။
အနားကိုရောက်ခါနီးမှ ရုတ်ရုတ်သဲသဲလူတွေကြားထဲကနေ
သူနာပြုတစ်ယောက်က ပွေ့ချီသွားတဲ့အခါ ခန္တာကိုယ်ကိုကွယ်နေပေမယ့် ပြုတ်ကျနေတဲ့ တစ်စွန်းတစ်စထွက်နေသော လက်ကလေးတစ်ဖက်...လက်ချောင်းရှည်သွယ်သွယ်လေးတွေနဲ့ လက်စွပ်မျှင်မျှင်လေးတွေ...။ဒီလက်ကလေး... နှစ်ယောက်မရှိနိုင်တဲ့ လက်သွယ်သွယ်လေးတွေဟာ လုံးဝထင်ယောင်ထင်မှား ဖြစ်နေစရာအကြောင်းမရှိ..။
" Tae Hyung.... !"
အသံကုန်အော်ဟစ်လိုက်တာ အားအကုန်ပဲမို့ အသံတွေတောင်ပြာဝင်သွားခဲ့သည်။ ပွေချီသွားတဲ့ သူနာပြုနောက်ကို အမြန်ပြေးလိုက်ပြီး လက်ထဲကသူကို ကြည့်လိုက်မိတဲ့ခဏ Seok Jin ဒူးတွေက ထိုနေရာမှာပဲ ညွှတ်ကျချင်သွားခဲ့သည်။
သွေးကြောထဲထိ လည်ပတ်စီးဆင်းသွားတဲ့ နှလုံးသားကနာကျင်မှုတွေကြောင့် အသံတွေတောင် ထပ်ထွက်မလာနိုင်ပဲ အသက်ကိုသာအရင်ဝအောင်ရှူနေရသည်။
ထိတောင်မထိရက်လို့ ဘယ်တုန်းကမှတောင် စပြီးမနမ်းရက်ခဲ့တဲ့ နှုတ်ခမ်းလေးတွေပေါက်ပြဲကာ သွေးစို့နေလျှက် ညိုမဲစွဲဒဏ်ရာဒဏ်ချက်တွေနဲ့ မျက်နှာနုနုလေးဟာ Seok Jinရဲ့ကွဲနေပြီးသားရင်ကိုပဲ ဓားနဲ့ထပ်မွှန်းနေသလို မခံမရပ်နိုင်အောင် နာကျင်လာတာမို့ ရင်ဘတ်တွေကိုတောင် ဖိထားလိုက်ရသည်။
ငါ့ ကလေးလေးရယ် ......။
'' လှေကားပေါ်ကလိမ့်ကျတာ... ကျွန်တော်တို့ Emergency ကို ချက်ချင်းခေါ်သွားပေးပါ့မယ် "
" ဟင့်အင်း... "
ဘာစကားမှအပိုတွေထပ်ပြောမနေနိုင်ပဲ ခေါင်းတွေသာတွင်တွင်ခါ၍ အတင်းငြင်းဆန်ကာ သူနာပြုလက်ထဲပွေ့ချီထားသော ခန္တာကိုယ်ကိုအတင်းပြန်ဆွဲလုရင်း ကျစ်နေအောင် ဖတ်ထားပြီး လူတွေအများကြီးရပ်ကြည့်နေတဲ့ နေရာကနေ Tae Hyungကိုပွေ့ချီပြီး အရူးလိုပြေးထွက်လာခဲ့သည်။
YOU ARE READING
သံယောဇဉ်အကျဥ်းသား (Taejin)
Fanfictionနမ်းလိုက်တိုင်း အဲ့နှုတ်ခမ်းတွေက ချိုနေတာသိပေမယ့်လည်း.... သူ့ရင်ဘတ်ထဲမှာ လာခါးသည်။ အရိုင်းဆန်တဲ့အထိအတွေ့တွေပါ ဆိုတာတောင်မှ နွံထဲမှာရုံးတဲ့နွားလို နစ်ပြီးရင်းနစ်နေတာ.... သွေးရူးသွေးတန်းထွက်ပြေးလိုက်တိုင်း ဒီရင်ခွင်ရှိရာ အရပ်ကိုပဲမျက်စိလည်ပြီး ပြန...