" သေလိုက်... ! "
" အား...."
ဒီတစ်ခေါက် Tae Hyungရိုက်ချက်သည် ထိထိမိမိ..။
သေချာချိန်ရွယ်ပြီး တည့်တည့်ဝင်လာတဲ့ Tae Hyungရဲ့ Wineပုလင်းကွဲသည် Kim Dami ခေါင်းတည့်တည့်ဆီ...။Tae Hyungဆီက အလစ်အငိုက်ခံလိုက်ရတဲ့ခဏမှာ ချက်ခြင်းသွေးတွေရဲပြီး ခေါင်းတောင်ပြန်ထောင်မလာနိုင်တဲ့ Kim Dami ကိုကြည့်ပြီး Seok Jinနဲ့အတူ သူမရဲ့လူမိုက်တွေပါ သွေးပျက်သွားသည်။
နုနုငယ်ငယ်ကောင်လေးတစ်ယောက်က ဒီလောက်ထိလုပ်ရဲလိမ့်မယ်လို့ ဘယ်သူကမှမထင်ထားတာ...။
Tae Hyungဟာ သူတို့ထက်ပိုပြီးရက်စက်ပြတ်သားမည့်ပုံစံမျိုး... အသေခံပြီး မြင်မြင်သမျှကိုသည်းမည်းတိုက်ခိုက်မယ့် ပုံစံမျိုးမို့ ချက်ခြင်းအနားကပ်မလာရဲကြ...။Kim Damiကို Tae Hyungက လုံးဝအလွတ်မပေးတော့ပဲ လည်ပင်းကိုညှစ်ထားကာ ပုလင်းကွဲနဲ့သာ ဆက်ရွယ်ထားသည်မို့ Kim Damiဟာ သွေးရူးသွေးတန်းနဲ့ ပြန်အော်ဟစ်နေရသည်။
" သွား.... ငါ့ဆီမလာနဲ့ သွားစမ်း...! "
Kim Damiခေါင်းကနေလည်း သွေးတွေဖျာနေအောင် စီးကျလာတာကိုကြည့်ပြီး Tae Hyungက အားပါးတရပြုံးသည်။
" Tae Hyung မလုပ်နဲ့...!"
Seok Jinလှမ်းအော်လိုက်တဲ့ အသံကိုလည်းမကြားမိသလို လှည့်မကြည့်...။ Tae Hyungရဲ့ အဆုံးအစွန်ထိရောက်သွားတဲ့ နာကျင်မှုတွေဟာ ထိန်းမရအောင်တောက်လောင်နေတဲ့ ဒေါသမီးတွေဖြစ်သွားခဲ့ပြီး လူသတ်ပစ်ဖို့အထိ...။ ဖြစ်နိုင်ရင် Kim Damiကို တစ်စဆီဆွဲဖဲ့ပြီး နုတ်နုတ်ဆင်းပစ်လိုက်ချင်သည်။
" ခင်များကိုသေအောင်သတ်မှာ...! "
Kim Dami ကို နောက်တစ်ချက်ထပ်ရိုက်ဖို့ ရွယ်လိုက်စဥ်မှာပဲ အပြင်က ရဲကားသံတစ်စွန်းတစ်စကို ကြားလိုက်ရပြီး အကုန်လုံးလှုပ်လှုပ်ရှားရှားဖြစ်သွားကြကာ Tae Hyung လှုပ်ရှားမှုတွေလည်း ရပ်တန့်သွားသည်။
" ငါသေတာနဲ့ နင်ရော... Seok Jinရော သေမှာ...နင်တို့တစ်မိသားစုလုံးလည်း အကုန်သေမှာ ဟား....ဟားးးး "
Kim Damiလို လူစိတ်တစ်စက်မှမရှိတဲ့မိန်းမဟာ စိတ်ထဲမှာ Tae Hyungရဲ့ ဒေါသကြီးခြင်းတွေကို ကြောက်လန့်တုန်လှုပ်လာခဲ့ပေမယ့်... အသက်တောင်ရဲရဲမရှူရဲပေမယ့် ခေါင်းတစ်ခုလုံးသွေးချင်းချင်းနီနေခဲ့ပေမယ့် သွေးရူးသွေးတန်းနဲ့မာန်မချခဲ့...။
YOU ARE READING
သံယောဇဉ်အကျဥ်းသား (Taejin)
Fanfictionနမ်းလိုက်တိုင်း အဲ့နှုတ်ခမ်းတွေက ချိုနေတာသိပေမယ့်လည်း.... သူ့ရင်ဘတ်ထဲမှာ လာခါးသည်။ အရိုင်းဆန်တဲ့အထိအတွေ့တွေပါ ဆိုတာတောင်မှ နွံထဲမှာရုံးတဲ့နွားလို နစ်ပြီးရင်းနစ်နေတာ.... သွေးရူးသွေးတန်းထွက်ပြေးလိုက်တိုင်း ဒီရင်ခွင်ရှိရာ အရပ်ကိုပဲမျက်စိလည်ပြီး ပြန...