အပိုင်း (25)

1.2K 153 27
                                    

အဆွာကောင်လေးကို ပြန်လိုက်ပို့မိရင်း ကန်တင်းမှာ coffeeလေးခဏသွားသောက်ပြီး ကြည်နူးမိတာခဏလေးနဲ့ Nam Joonတို့ အကြီးကြီးမှားတာပဲ...။

လမ်းမှာ Kim Damiက မျက်နှာကိုမော့ချီပြီး ဆေးရုံထဲကထွက်လာတာမြင်လိုက်တာနဲ့ Tae Hyung တို့ကို စိတ်မချစွာပြေးလာလိုက်မိတာ ထင်တဲ့အတိုင်း Seok Jinရဲ့ အခန်းအပေါက်ဝမှာ ငုတ်တုတ်လေးထိုင်ငိုနေတဲ့ Tae Hyungကို မြင်လိုက်ရသည်။

" ထယ် !"

အလန့်တကြားပြေးဖတ်လိုက်တော့ မော့ကြည့်လာတဲ့မျက်နှာမှာ နီရဲနေပြီး နှုတ်ခမ်းထောင့်မှာလည်းသွေးစတွေနဲ့မို့ ပိုပြီးထိတ်ထိတ်ပြာပြာဖြစ်သွားရသည်။

" ဘာဖြစ်တာလဲ ပြောစမ်း မင်းကို ဘယ်သူဘာလုပ်သွားတာလဲ"

ခေါင်းကိုခါရမ်းပြတော့ မျက်ရည်တွေပိုးပိုးပေါက်ပေါက် ထပ်လိမ့်ကျလာပြန်သည်။

" တကယ်ပဲ ဘာဖြစ်နေတာလဲ ထယ် "

" Nam Joon Hyung~~~ Kim Seok Jin .... Kim Seok Jin သတိပြန်ရလာပြီ သူ တကယ်သတိပြန်ရလာပြီ "

" ဟာ ... အဲ့တာငိုစရာလားကွာ ဝမ်းသာရမှာလေ ထယ်ရယ်"

" ကျွန်တော် မကြည့်ရဲလို့ မယုံရဲလို့ "

" မင်းကိုလိုအပ်နေမှာပါ Hyung ကိုယုံ .. Jin က အညှိုးအတေးမကြီးတတ်ပဲ သဘောထားသိပ်ကြီးတဲ့သူပါ ပြီးတော့ မင်းကိုလည်း သိပ်ချစ်တဲ့သူပါ "

"ကြောက်နေတယ် Hyung... ဘာတွေကိုမှန်းသေချာမသိပဲ အရာအာလုံးကို အရမ်းကြောက်နေတာ "

Seok Jin သတိပြန်ရလာတာကို အခန်းရှေ့မှာထိုင်ပြီး ရှိုက်ကြီးတငင်ငိုနေခဲ့တဲ့ကောင်လေးဟာ ဘယ်လောက်တောင် နာနာကျင်ကျင်ကြိတ်မှိတ်မျိုသိပ်ထားရတာလဲ...။ ပြန်မလာတော့မှာကို ဘယ်လောက်တောင် ကြောက်နေခဲ့လို့ ခုမှငိုရဲရတာလဲ... ဘယ်သူမှ သတိမထားမိတဲ့ Tae Hyung စိတ်ဒဏ်ရာတွေကလည်း တစ်ခါတစ်လေ ကူကယ်ရာမဲ့စွာပဲ သိပ်သနားစရာကောင်းသည်။

" လာ... အခန်းထဲဝင်ကြမယ် သူသတိရလာတဲ့ အချိန်မှာ တစ်ယောက်တည်းထပ်ပြီး ပစ်ထားချင်သေးလို့လား"

" ဘယ်တော့မှ ပစ်မထားတော့ဘူး"

" ဒါဆို သတ္တိရရှိမယ် ထယ်လေး "

သံယောဇဉ်အကျဥ်းသား (Taejin)Where stories live. Discover now