ဘယ်ကတည်းက စချစ်သွားမှန်းမသိပေမယ့်...
ထာဝရအဆုံးထိ ဆက်ချစ်သွားဖို့ကတော့ ဘယ်တော့မှပြန်လည်မပြင်ဆင်တော့မယ့်အရာ...။အတိတ်ကအချိန်တွေကို ခဏလေးပဲ ပြန်သွားလို့ရခဲ့ရင်...
နှုတ်ခမ်းတွေကို ရူးရူးမူးမူး စနမ်းခဲ့တဲ့အချိန်ကစလို့ ချစ်တယ်ဆိုတဲ့ စကားလေးကို သေသေချာချာလေး ပြန်ပြောပြချင်တယ်...။အတ္တတွေအရမ်းကြီးခဲ့သလို အချစ်တွေလည်း သိပ်ကြီးခဲ့တာပါ
မြင်နိုင်သည်ဖြစ်စေ မမြင်နိုင်တဲ့နေရာကဖြစ်စေ...
တိတ်တိတ်လေး ကြိတ်မှိတ်ချစ်ခဲ့ရတာမို့ အမြဲတမ်းလက်လွန် ခြေလွန်ပဲ...။မိန်းမတစ်ယောက်နဲ့ စေ့စပ်ပွဲသတင်းသာမက မိန်းမတစ်ယောက်နဲ့ နမ်းလိုက်တဲ့မြင်ကွင်းတစ်ခုနဲ့တောင် အသက်တွေသေသွားတော့မတတ် ထိခိုက်နာကျင်ခဲ့ကြရတာ ... တကယ်သာဝေးသွားရရင် အရင်ဆုံးရင်ကွဲနာကျပြီးတောင် သေသွားနိုင်တဲ့အထိ
သိပ်ချစ်ကြတယ်ဆိုတာထက်တောင် ပိုသာနေခဲ့ပြီ။တစ်ယောက်ကအရေးပေါ်အခန်းထဲမှာ ဆေးတွေအကူအညီနဲ့အသက်ဆက်နေရချိန် တစ်ယောက်ကလည်း ဒဏ်ရာရပြီးအဖျားတွေတတ်နေတာမို့ ဆေးရုံတစ်ရုံတည်းရဲ့ အခန်းတစ်နေရာစီမှာ နာကျင်မှုတွေကိုယ်စီနဲ့...။
မှေးခနဲလေးအိပ်ပျော်သွားရာကနေ လန့်နိုးသွားပြီး မျက်လုံးတွေဖွင့်လိုက်တော့ ကုတင်တစ်ခုပေါ်ရောက်နေခဲ့တာမို့
ခဏလေးအိပ်ပျော်သွားခဲ့တာ မဟုတ်ဘူးပဲ...။
သူဆုတ်ကိုင်ထားခဲ့တဲ့ လက်ကလေးကို မှတ်မှတ်ရရချက်ခြင်းလိုက်စမ်းပြီးတာနဲ့ အနားမှာရှိမနေတဲ့အခါ အထိတ်တလန့်ထထိုင်မိလိုက်သည်။" Hyung ~~ "
" ဖြည်းဖြည်းထလေ Tae Hyungie "
" Kim Seok Jin ... Kim Seok Jinဘယ်မှာလဲ kook "
ကုတင်တိုင်လေးခေါင်းမှီပြီး လက်ကလေးဆုတ်ကိုင်ပြီးအိပ်ပျော်သွားတာ မကြည့်ရက်ကြလို့ ဆေးရုံအခန်းတစ်ခုရဲ့ ကုတင်တစ်ခုပေါ်ချီတင်ပေးထားခဲ့ကြတာ... အဖျားတွေတတ်နေတာမို့ ဆေးအရှိန်နဲ့နှစ်နှစ်ခြိုက်ခြိုက်အိပ်နေခဲ့ပြီး နိုးလာတာနဲ့ အလန့်တကြားထပြေးတော့မတတ် Tae Hyungဟာ ခေါင်းထဲမှာ အချိန်တိုင်း Seok Jinသာ လွှမ်းမိုးနေတဲ့အထိ စိတ်ဒဏ်ရာကို ဟိုး...အတွင်းပိုင်း အနက်ရှိုင်းဆုံးထိရထားတာ...။
YOU ARE READING
သံယောဇဉ်အကျဥ်းသား (Taejin)
Fanfictionနမ်းလိုက်တိုင်း အဲ့နှုတ်ခမ်းတွေက ချိုနေတာသိပေမယ့်လည်း.... သူ့ရင်ဘတ်ထဲမှာ လာခါးသည်။ အရိုင်းဆန်တဲ့အထိအတွေ့တွေပါ ဆိုတာတောင်မှ နွံထဲမှာရုံးတဲ့နွားလို နစ်ပြီးရင်းနစ်နေတာ.... သွေးရူးသွေးတန်းထွက်ပြေးလိုက်တိုင်း ဒီရင်ခွင်ရှိရာ အရပ်ကိုပဲမျက်စိလည်ပြီး ပြန...