အပိုင်း (8)

1.5K 170 24
                                    

" Director စုံစမ်းခိုင်းထားတဲ့ နာမည်နဲ့ နိုင်ငံကူးသွားတဲ့ သူတွေထဲမှာ ဒီအမျိုးသမီးမပါသေးပါဘူး "

" ဒါဆိို Seoul မှာပဲ ရှိဦးမှာပဲ... သေချာတာသိရတာနဲ့ ချက်ချင်းအကြောင်းကြားပါ ငါ အရင်ဆုံးသွားတွေ့မှာ မို့လို့ "

" ဟုတ်ကဲ့ "

" တာဝန်ကျေပါတယ် "

ကတိပေးထားတဲ့အတိုင်း Tae Hyung အမေရဲ့အကြောင်းကို သူ အတတ်နိုင်ဆုံးမြန်မြန်စုံစမ်းနေခဲ့တာ စကားမစပ်၍ Tae Hyung ကိုတောင် မ​ပြောမိ...။

စကားစပ်စရာအကြောင်း မရှိရလောက်အောင်လည်း မျက်နှာချင်းဆိုင်တိုင်း တကျတ်ကျတ်ရန်ဖြစ်ရင်း ဟိုတနေ့ကဆို ထပ်အနမ်းခံလိုက်ရသည်​။

လိုက်လို့မမှီတဲ့ Tae Hyung ရဲ့ ပြောင်းလဲခြင်းတွေကို လိုက်မမှီသလိုသာ ထားလိုက်ပြီး ဘာမှထပ်တွေးမနေတော့ပဲ ပေးသမျှအနမ်းတွေကို ဘာလို့ကျေနပ်နပ်ခံယူခဲ့သလဲမေးရင် ဒီကောင်ကချစ်နေရတာလေ...။

ဘယ်သူမှမသိပေမယ့် ကိုယ့်ကိုကိုယ်တော့ အကြိမ်ကြိမ်ဝန်ခံခဲ့ပါတယ်။ ထုတ်မပြောပြတတ်ခဲ့ပေမယ့် ချစ်ခဲ့မိတာမို့ အရိုင်းအစိုင်းလေးအပေါ် နွေးထွေးပေးခဲ့တာတွေ ဂရုစိုက်ခဲ့တာတွေက လိုအပ်တာထပ်တောင် ပိုခဲ့ပါသေးတယ်။

အချစ်မခံခဲ့ရဖူးပေမယ့် ချစ်တတ်တဲ့ဒီကောင်ဟာ ချစ်ပြရမယ့်နေရာမှာလည်း မထိရဲမကိုင်ရဲခဲ့ပဲ Tae Hyung ခေါ်ဆောင်ရာသာ လိုက်ခဲ့သူ...။

Tae Hyung ပြန်ပြီးပြုံးလာစေဖို့သာ စဥ်းစားခဲ့ကာ
Tae Hyung စိတ်ချမ်းသာမှုကိုသာ ရွေးမယ့်သူမို့
Tae Hyung စိတ်စေရာသာ သူ့ကမ္ဘာဖြစ်နေတာမို့
Tae Hyung က ချစ်လို့ပဲနမ်းနမ်း မုန်းလို့ပဲနမ်းနမ်း အဲ့နှုတ်ခမ်းပါးလေးတွေရဲ့ အနမ်းခံနေရတာကိုပဲကြိုက်ခဲ့သည်။

အဆုံးအစမရှိ ကျေနပ်ခဲ့ရင်း အနမ်းလေးခံလိုက်ရရုံနဲ့တင် သူ့ကမ္ဘာကပြည့်စုံသွားပြီး ချစ်နေရရုံလေးနဲ့တင်ကျေနပ်ခဲ့သည်။

ဘယ်တော့မှ ဘာလို့နမ်းတာလဲမေးမှာ မဟုတ်သလို
နမ်းချင်တိုင်းနမ်းဖို့ ခွင့်ပြုထားပြီးတဲ့အထိ Kim Tae Hyung အပေါ် မြတ်မြတ်နိုးနိုးချစ်မိနေတာလေ...မဖြစ်နိုင်မှန်း မဖြစ်သင့်မှန်းသိပေမယ့်လို့လည်းပေါ့...။

သံယောဇဉ်အကျဥ်းသား (Taejin)Tempat cerita menjadi hidup. Temukan sekarang