အနေနီးနေလည်း စိတ်ချင်းဝေးနေရင်....
နှလုံးသားနှစ်ခုကြား ကန့်လန့်ကာတွေ အလွှာလွှာခြားတယ်...။အသက်ရှင်ခြင်းမှာ တစ်ကြိမ်တစ်ခါပဲ သေဆုံးရပေမယ့်
ချစ်ခြင်းမှာတော့ နှလုံးသားဟာ အကြိမ်ကြိမ်အခါခါသေဆုံးရစမြဲပဲ...။ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါမြောက်မှန်းမသိလွဲနေတဲ့ လမ်းတွေထဲ မျက်ရည်တွေနဲ့ သဂြိုလ်ရတဲ့ နှလုံးသားရဲ့စျာပနပွဲ..။
ဘယ်လိုရှင်သန်ရမလဲ...
ဘယ်လိုရှေ့ဆက်ရပ်တည်ရမလဲ
Seok Jinကလွဲလို့ ဘာဆိုဘာမှမသိတဲ့ဘဝနဲ့ ရှင်သန်လာခဲ့တဲ့ နေ့ရက်တွေကို ဘယ်အရာတွေနဲ့အစားထိုးပြန်ရှာရမလဲ...။အကြိမ်ကြိမ်အခါခါသော အမှားတွေနဲ့
မျှော်လင့်ထားတာတွေအကုန်လွဲ...
တည်ဆောက်ထားတာတွေ အကုန်ပြိုလဲခဲ့တယ်...။" ဘယ်ရောက်သွားလဲ ဘယ်သူမှမသိဘူးလား ဟမ်...!"
" ဟို... မသိလိုက်ပါဘူး"
" တောက် ...! ရှာ... နေရာအနှံ့ရှာ တစ်အိမ်လုံး တနေရာမှမကျန်အောင်ရှာကြ ကားကခြံထဲမှာရှိနေတာ သူဝေးဝေးသွားမှာမဟုတ်ဘူး တစ်နေရာရာမှာ တခုခုဖြစ်နေရင် နင်တို့လည်း အကုန်အသေပဲ "
" အကုန်ရှာပြီးပြီ အကိုလေး ထယ်... မတွေ့... မတွေ့တော့ဘူး "
" နေမကောင်းတဲ့သူတစ်ယောက်လုံး ပျောက်သွားတာတောင် ဘယ်သူမှမသိကြတဲ့အထိ ဘာတွေလုပ်နေကြတာလဲ... အဲ့လိုပဲ နင်တို့က Kim Seok Jinကို ပစ်ထားနေကျလား... သူ့ကိုအဲ့လိုပဲ ဘယ်သူမှအလေးအနက်မထားကြတာလား ...!!!! "
"မဟုတ်ပါဘူး... ထားပါတယ် အကိုလေးက နေမကောင်းဖြစ်နေတော့ အိပ်နေတယ်ပဲထင်လို့သွားမနှောက်ယှက်တာပါ ... ပြီးတော့ သူ့အခန်းထဲလည်း ဘယ်သူမှ အဝင်မခံလို့ မဝင်ရဲလို့မကြည့်လိုက်မိကြတာ "
" အခန်းထဲအဝင်မခံရင် အခန်းပြင်ကနေ အရိပ်တကြည့်ကြည့်နေရမယ်လေ...သူကKim Groupရဲ့ အရှင်သခင်အစစ်ပဲ နင်တို့နားလည်လား...သွား.... ! အကုန် ထွက်သွားကြပြီး လိုက်ရှာလာခဲ့ Kim Seok Jin ပြန်ပါမလာမချင်း ဘယ်သူမှအိမ်ပြန်မလာကြနဲ့ "
" ဟုတ်... ဟုတ်ကဲ့ "
Tae Hyungဆေးရုံကနေ အိမ်ကိုပြန်လာလာချင်း ရင်ဝကိုစောင့်ကန်လိုက်တဲ့အတိုင်းပဲ အခန်းထဲမှာSeok Jinကိုမတွေ့ရတော့...။ သူ့အခန်းထဲကစားပွဲပေါ်မှာ စာချုပ်စာတမ်းတစ်ချို့ကိုသာ တင်ထားခဲ့ပြီး ဘယ်ထွက်သွားမှန်းလည်း ဘယ်သူမှမသိ..။
YOU ARE READING
သံယောဇဉ်အကျဥ်းသား (Taejin)
Fanfictionနမ်းလိုက်တိုင်း အဲ့နှုတ်ခမ်းတွေက ချိုနေတာသိပေမယ့်လည်း.... သူ့ရင်ဘတ်ထဲမှာ လာခါးသည်။ အရိုင်းဆန်တဲ့အထိအတွေ့တွေပါ ဆိုတာတောင်မှ နွံထဲမှာရုံးတဲ့နွားလို နစ်ပြီးရင်းနစ်နေတာ.... သွေးရူးသွေးတန်းထွက်ပြေးလိုက်တိုင်း ဒီရင်ခွင်ရှိရာ အရပ်ကိုပဲမျက်စိလည်ပြီး ပြန...