အပိုင်း (3) Part-2

1.4K 153 3
                                    

Kim Seokjin အလုပ်သွားပြီးအထင်နဲ့ ဆင်းလာသောခြေလှမ်းတစ်ချို့က လမ်းတစ်ဝက်မှာတင်ရပ်လိုက်ကာ ဧည့်ခန်းထဲကထိုင်ခုံမှာ စာကြည့်မျက်မှန်လေးတပ်ရင်း အလုပ်ရှုပ်နေသောသူကို မျက်မှောင်ကျုံ့ကြည့်မိသည်...။

အနီးအနားရှိနေသည်ဆိုသော ဖြစ်တည်မှုကိုပင် သဘောမကျနေသော်လည်း မြင်ရင်လည်းမခေါ်မပြော အရွဲ့မတိုက်ပဲ မနေနိုင်သော Tae Hyung ဟာ ခေါင်းထဲဘယ်ကစ ပြသနာလုပ်ရမလဲအရင်ပြေးတွေးသည်။

ဒီလိုသာသာယာယာလေး ထိုင်နေဖို့ကြိုးစားပြနေတာမျိုး နေရာတကာအသေးစိတ်အစ သူ့ခြေသူ့လက် သူ့Management ဖြစ်နေတာမျိုးကိုလည်း ကျေနပ်မနေပါ။

ညကဘာတွေဖြစ်ခဲ့ ပြောခဲ့လည်းသေချာပြန်စဥ်းစားလည်း မမှတ်မိပဲ ကုတင်ပေါ်ရောက်နေပြီး ခေါင်းတွေကိုက်နေတာပဲသိတော့သည်။ အိမ်ရှေ့မှာကားဟွန်းတီးပြီး ခြံတံခါးကိုဝင်တိုက်ဖို့ကြိုးစားသည့်အထိတော့ ပြန်စဥ်းစားမိသည်။

အိမ်ပေါ်ကိုသူ့ဘာသာမူးမူးရူးရူးတတ်သွားတာလား...

ဘာမှသေချာမစဥ်းစားမိပဲ တော်တော်မူးပြီး မြောက်တတ်နေတာသာ မှတ်မိသည်။

အခန်းထဲကဆင်းလာတဲ့ရည်ရွယ်ချက်က ညကကားထဲမှာဖုန်းကျန်ခဲ့တာကို ဆင်းယူဖို့ဆိုပေမယ့် လှေကားတစ်ဝက်မှာရပ်နေသော သူ့ကိုတစ်ချက်မော့ကြည့်ပြီး မသိသလိုအလုပ်ပြန်လုပ်နေသည့်ပုံက မထိမဲ့မြင်နဲ့ သိပ်အသဲယားစရာကောင်းတာမို့ တစ်ခုခုစိတ်အနှောက်အယှက်ပေးချင်တဲ့စိတ်လေးက တွန်းထွက်လာရသည်။

ဒီအမူအရာအတိုင်းဆို ညတုန်းက Kim Seok Jin နဲ့ဘာပြသနာမှတတ်မသွားပဲ အမူးလွန်ပြီး တစ်ချိုးတည်းအိပ်ပျော်သွားတာဖြစ်နိုင်သည်ဟုတွေးရင်း ဧည့်ခန်းကျယ်ကြီးထဲက Kim Seok Jinနဲ့ မျက်နှာချင်းဆိုင်မှာ အေးဆေးစွာဆင်းထိုင်ပြီး အိတ်ကပ်ထဲကဆေးလိပ်မီးကို ညှိလိုက်သည်။

မကြိုက်ဘူးဆိုတာမျိုးကိုမှ အထူးတလည်လုပ်ပြချင်သော စိတ်ကKim Seokjin နဲ့ရှိနေတိုင်းဖြစ်ပေါ်တာမို့လို့ အငွေ့ကိုခပ်များများရှိုက်ပြီး ပြင်းပြင်းမှုတ်ထုတ်လိုက်သည်။ အနံ့တွေမွှန်ထူသွားသော မွှေးပျံပျံ့ဧည့်ခန်းထဲမှာ Kim Tae Hyung ကတော့ မျက်လုံးလေးတွေမှိတ်ထားရင်း ဆေးလိပ်ကိုသာအရသာခံဖွာနေသည်။

သံယောဇဉ်အကျဥ်းသား (Taejin)Donde viven las historias. Descúbrelo ahora