'' တစ်ညလုံး ပြန်မလာဘူးလား နှစ်ယောက်လုံး "
" ဟုတ် မမကြီး ခုထိပါပဲ "
" ငါ့ သားက ငယ်ငယ်တည်းက အိမ်ကနေဘယ်မှ သွားတတ်တာမဟုတ်ဘူး ဟိုကောင် ရောက်လာမှဖြစ်နေတာ တကယ်ဆို သူတို့ တည့်နေစရာ အကြောင်းတောင်မရှိဘူး ငါလွှတ်ပေးခဲ့မိတာ မှားတာပဲ "
တစ်ညလုံး ပြသနာရှာရန်စောင့်နေခဲ့သော Seok Jin မာမီက မိုးသာလင်းသွားတဲ့အထိ အရိပ်အယောင်တောင် မမြင်ရသေးသော နှစ်ယောက်လုံးအပေါ် ဒေါသထပ်ဆင့်ထွက်လာပြန်သည်။
ညက စော်စော်ကားကားအပြုအမူတွေနဲ့ ရိုင်းပျသွားခဲ့သော မျက်နှာကိုတွေးမိတိုင်း သွေးတွေပွက်ပွက်ဆူသည်။
ဒီအကောင်သေးသေး လှလှလေးက သူ့အမေမျက်နှာကိုအမွေရထားသော်လည်း သူ့အဖေလိုစိတ်ဓာတ်မျိုးကို အချိုးကျပေါင်းစပ်ထားသော ကြောက်စရာအကောင်သေးသေးလေးမှန်း မြင်ကတည်းက မျက်လုံးတွေညိုညိုတွေနဲ့ စိုက်ကြည့်ရဲကတည်းက သူမသတိထားမိသည်။
High Class အတန်းအစား သူဌေးတစ်ယောက်ကိုတောင် ရအောင်အပိုင်ထိန်းထားပြီးသော်လည်း အတောမသတ်မနိုင်သော လောဘတွေနဲ့ အနားမှာရှိသမျှ အနှောက်အယှက်ဖြစ်စေခဲ့သူ အားလုံးကို နည်းနည်းလေးတောင် အလိုရှိမနေ။
သိပ်အတ္တကြီးတဲ့ မိန်းမပေမို့ မွေးထားတဲ့သားကိုတောင် အချစ်တွေမပေးနိုင်တဲ့အထိကို Kim Dami တို့က ကိုယ့်ကိုကိုယ်ပဲ ချစ်တာ....။
မွေးထားရတဲ့သားလေးက သိပ်လှပြီး သိပ်တော်လွန်းတာတော့ သူမရဲ့ကောင်းလွန်းတဲ့ ကုသိုလ်နဲ့သူပဲမို့ ဒီသားတစ်ယောက်တည်းကိုပဲ အကွက်တွေချကာ သူမလိုချင်သမျှရယူစေခဲ့သူ။
သားကိုချစ်လားမချစ်လား တစ်ခါမှမခံစားဖူးပေမယ့် အမေတစ်ခု သားတစ်ခုဘဝမှာ သူမကို သားကသိပ်ချစ်တာမို့ ရိုက်နှက်ဆုံးမချိန်တွေမှာတောင် အမေကိုမမုန်းပဲ ထွက်မပြေးပဲ ပြန်ဖတ်ထားကာ မာမီကျေနပ်တဲ့အထိရိုက်ပါ ဆိုပြီးပေကပ်တောင့်ခံနေတဲ့ ကလေးလေ...။
ဒီကလေးဟာ သူမရဲ့အာဏာအောက်မှာရှိနေရင်းနဲ့ပဲ အချိုးတွေပြောင်းနေတာမျိုးကို လက်သင့်ခံနေစရာ အကြောင်းမရှိ။ အဓိက ပြသနာက Kim Tae Hyung ရောက်လာတည်းက နှစ်ယောက်တည်းလွတ်ထားပေးခဲ့မိတာပဲ။
YOU ARE READING
သံယောဇဉ်အကျဥ်းသား (Taejin)
Fanfictionနမ်းလိုက်တိုင်း အဲ့နှုတ်ခမ်းတွေက ချိုနေတာသိပေမယ့်လည်း.... သူ့ရင်ဘတ်ထဲမှာ လာခါးသည်။ အရိုင်းဆန်တဲ့အထိအတွေ့တွေပါ ဆိုတာတောင်မှ နွံထဲမှာရုံးတဲ့နွားလို နစ်ပြီးရင်းနစ်နေတာ.... သွေးရူးသွေးတန်းထွက်ပြေးလိုက်တိုင်း ဒီရင်ခွင်ရှိရာ အရပ်ကိုပဲမျက်စိလည်ပြီး ပြန...