Extra 1

919 103 8
                                    

" မင်းဘယ်လိုတောင်လုပ်လိုက်လို့လဲ "

"အာ... Hyungက အလုပ်ပင်ပန်းလို့ဖျားသွားတာ"

" မင်းတို့နှစ်ယောက်များ ပေါင်းစပ်လိုက်ရင်လေ ငါတို့မှာအခုထိလန့်နေရတုန်းပဲ"

" Honeymoonတောင်မထွက်နိုင်တော့တဲ့အထိ ဖျားသွားရတယ်လို့ "

" အဲ့ညက ရေချိုးခန်းထဲမှာနမ်းလိုက်တာ အချိန်နည်းနည်းကြာသွားလို့ပါကွာ မင်းတို့ကလည်း..."

"Jin Hyungက လမ်းတောင်မလျှောက်နိုင်တာတော့တာကို ငါ့ကိုသောက်ပိုတွေမပြောနဲ့"

" ရည်စားတောင်မရှိတဲ့ကောင်တွေကို ရှင်းပြနေလည်း ဘာမှနားလည်မှာမှ မဟုတ်တာ "

" မင်းပြောတဲ့စကားကို ငါတို့ကလဲ့စားပြန်ချေပြမယ် မှတ်ထား! "

" မင်းတို့သာ ရည်းစားရမယ်ဆို ချေပြစမ်း"

Honeymoonကို အားလုံးအတူတူသွားဖို့ ကြိုတင်ပြင်ဆင်ထားပြီးသားမို့လို့ အစီအစဥ်ပျက်သွားတဲ့အခါ Jiminနဲ့ Jungkookရဲ့ မေတ္တာပို့သခြင်းတွေကိုလည်း လှိမ့်ပိန့်ခံခဲ့ရသေးသည်။

မင်္ဂလာဦးညလေးရဲ့ နောက်တစ်ရက်မှာ ဘယ်လိုမှဆက်သွားလို့ မဖြစ်ခဲ့တဲ့ Honeymoonခရီးစဥ်လေးက လက်ထပ်ပြီးသုံးလအကြာမှသာ အကောင်အထည်ဖော်ဖြစ်ခဲ့သည်။

နှစ်ယောက်ဘဝလေးထူထောင်ပြီးကတည်းက Tae Hyungကို ဘယ်နေရာမှာမှ လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးချင်ခဲ့တဲ့စိတ်နဲ့ အလုပ်တွေသာဖိလုပ်နေခဲ့တဲ့ Seok Jinမှာ အားလပ်တဲ့အချိန်ရယ်လို့မရှိ...။

အပျော်အပါးတွေ လွတ်လပ်မှုအရသာတွေကို ငယ်ငယ်တည်းကမခံစားတတ်ခဲ့သူပီပီ Director Kim Seok Jinသည် Tae Hyungနဲ့ လက်ထပ်ပြီးကတည်းက ဘယ်သူကမှ လက်ညှိုးထိုးမဝေဖန်ရဲရအောင် မထိုးနှက်ရဲရအောင် အလုပ်တွေပိုကြိုးစားပေးခဲ့ပြီး Kim Groupကို အစွမ်းကုန်ကာကွယ်ပေးဖို့သာ ခေါင်းထဲရှိခဲ့သည်။

အလုပ်တွေအရမ်းရှုပ်နေတာနဲ့တင် ပျက်သွားတဲ့ Honeymoonခရီးစဥ်အတွက် Tae Hyungကို နောက်ထပ်ပြီး အချိန်မပေးခဲ့မိ..။

နေရာတကာနားလည်ပေးပြီး အလျော့ပေးရတာတွေများလည်း ကိစ္စသိပ်မရှိပေမယ့် ခရီးလေးတစ်ခုသွားရဖို့ကို နေ့ရွေ့ညရွေ့လုပ်နေသူကို Tae Hyungသိပ်ပြီး စိတ်မရှည်ချင်တော့...။

သံယောဇဉ်အကျဥ်းသား (Taejin)Where stories live. Discover now