ညဘတ်ကြီးTae Hyung ဖုန်းခေါ်ပြီးကတည်းက Seok Jin ကိုရော... Tae Hyung ကိုပါ ဖုန်းတွေဆက်တိုက် ပြန်ခေါ်ခဲ့သော်လည်း တစ်ယောက်မှဖုန်းမကိုင်ပဲ ထူးဆန်းစွာအဆက်အသွယ် ပျက်တောက်သွားခဲ့တာ မသင်္ကာစရာကောင်းလွန်းတယ်။
Seok Jinဟာ လုပ်ငန်းရှင်တစ်ယောက်မို့ ဘယ်လောက်အလုပ်များများ ဖုန်းကို တမ်းကိုင်တတ်တဲ့သူ...။ ဖုန်းနံပါတ်တောင်းသွားတုန်းက ထယ့်အသံက ကြည်ကြည်လင်လင်လေးရှိခဲ့သော်လည်း တစ်ယောက်ဆီကမှ အဆက်အသွယ်မရတဲ့နောက်ပိုင်း SNS မှာတတ်လာတဲ့ သတင်းတွေကိုလည်း မြင်လိုက်ရတာမို့ Namjoon ရဲ့ စိုးရိမ်ရေမှတ်တွေမြင့်တတ်လာခဲ့သည်။
စေ့စပ်ပွဲကိစ္စကို အနည်းအပါးသိထားတဲ့သူတောင် ချက်ခြင်းကြီးဆိုတော့ shockအကြီးကြီးရသွားခဲ့တာ... Tae Hyung ဆိုရင်ရော...။ သူတို့နှစ်ယောက်ရဲ့ ရင်ဘတ်တွေထဲကို ဘေးကလူက ထွင်းဖောက်မြင်နေရတာမို့ သိပ်စိုးရိမ်မိတာ အမှန်ပဲ...။
တိတ်ဆိတ်နေခြင်းတွေထဲမှာ တခါတလေ မကောင်းတဲ့အငွေ့အသက်တွေ ပျံ့လွင့်နေတတ်သလိုမျိုးမို့ Nam Joon က နယ်ကနေအလုပ်ကိစ္စပြီးတာနဲ့ ညတောင်သေချာမအိပ်နိုင်ဘဲ မနက်အစောကြီးမှာSoulကို ထပြန်ပြီး Kim အိမ်တော်ရှိရာသို့ ကားကိုတန်းမောင်းလာခဲ့သည်။ ခြံထဲလှမ်းကြည့်တော့ Tae Hyung အသစ်လဲထားတဲ့ ပြိုင်ကားအနက်တစ်စီးသာ ဖြစ်သလိုထိုးရပ်ထားရင်း Seok Jin ကားကို မတွေ့တာမို့ စိတ်ကပိုရှုပ်သွားသည်။
မနက်အစောကြီးအပြေးအလွှား ပြန်လာကာ ခြံထဲ၀င်ခါနီး မျက်နှာချင်းဆိုင်က ကားတစ်စီးကလည်း Nam Joon နည်းတူခြံထဲကို အတူတူချိုးကွေ့၀င်လာခဲ့သည်။ တစ်ခါမှမရင်းနှီးသောကားမို့ ကားပေါ်ကနေဆင်းပြီး ငေးကြည့်နေတုန်းမှာပဲ နှုတ်ခမ်းဖူးဖူးလေးတွေနဲ့ ကောင်လေးလှလှတစ်ယောက်ရယ် မျက်လုံး၀ိုင်း၀ိုင်းစက်စက်လေးတွေနဲ့ ချစ်စရာကောင်လေးတစ်ယောက်ရယ် ကားပေါ်ကနေ ကမန်းကတမ်းဆင်းလာကြကာ အိမ်ထဲ၀င်သွားကြသည်မို့ Namjoon ပါ လိုက်ပြေး၀င်လာခဲ့မိသည်။
"ဘယ်သူ့ဧည့်သည်တွေလဲ မသိဘူး "
"Tae Hyung ကိုလာရှာတာပါခင်မျာ... club မလာဖြစ်ရင်တောင်အမြဲအဆက်အသွယ် လုပ်တယ် ခုက ဒီအတိုင်းလာမယ်ပြောပြီး ပျောက်သွားလို့ တညလုံးကြီး အဆက်အသွယ်မရတာဆိုတော့ လာရှာစရာ ဒီအိမ်ပဲရှိတော့လို့ပါ "
STAI LEGGENDO
သံယောဇဉ်အကျဥ်းသား (Taejin)
Fanfictionနမ်းလိုက်တိုင်း အဲ့နှုတ်ခမ်းတွေက ချိုနေတာသိပေမယ့်လည်း.... သူ့ရင်ဘတ်ထဲမှာ လာခါးသည်။ အရိုင်းဆန်တဲ့အထိအတွေ့တွေပါ ဆိုတာတောင်မှ နွံထဲမှာရုံးတဲ့နွားလို နစ်ပြီးရင်းနစ်နေတာ.... သွေးရူးသွေးတန်းထွက်ပြေးလိုက်တိုင်း ဒီရင်ခွင်ရှိရာ အရပ်ကိုပဲမျက်စိလည်ပြီး ပြန...