အပိုင်း (13)

1.2K 160 4
                                    

မနေ့က မနက်၄နာရီ အချိန်....။

Seoul မြို့ရဲ့ခပ်ဝေးဝေးအစွန်အဖျား ရပ်ကွက်လေးတစ်ခုထဲမှာရှိတဲ့ စိတ်ကျန်းမာရေး ဆေးရုံတစ်ခုရှေ့ကို အချိန်မတော်ထိုးစိုက်လာတဲ့ Seok Jin ကားလေး...။

စိတ်လှုပ်ရှားစွာ ကားပေါ်ကမန်းကတမ်းဆင်းပြီး ဆေးရုံထဲအပြေးအလွှားဝင်ကာ ခုနကဆုံခဲ့သော အမျိုးသမီးကိုလိုက်ရှာမိသည်။

Receptionက ဝန်ထမ်းတွေကို နာမည်မေးကာ တွေ့ဖို့ပြောတော့ ကောင်မလေးတွေ တစ်ယောက်မျက်နှာတစ်​ယောက်ကြည့်ကာ မျက်စိမျက်နှာပျက်နေလျက်... ဘာတွေလဲ။

Kim Mi So နာမည်နဲ့ အမျိုးသမီးဟာ ဒီဆေးရုံမှာ တကယ်ပဲရှိနေခဲ့တာမို့ Tae Hyungရော သူရော လိုက်ရှာသမျှနေရာအနှံ့ ဘယ်မှာမှ မတွေ့နိုင်ခဲ့တာလား...။

" အဲ့အန်တီက လူနာရှင်ခွင့်ပြုချက်မရှိရင် တွေ့လို့မရတဲ့လူနာမို့လို့ပါ ဘယ်သူလို့ပြောပေးရမလဲ"

" ဘယ်လို... လူနာရှင်ဆိုတာ ဘယ်သူလဲ "

သူသိသလောက်တော့ Tae Hyung အမေဟာ မိဘနှစ်ပါးလုံးမရှိတော့ကာ အမွေရထားသော သူဌေးသမီးတစ်ယောက်ဖြစ်ပြီး ဘာဆွေမျိုးရင်းချာမှလည်းရှိမနေသူမို့ အထူးတဆန်းဖြစ်ရသည်။

" သူ့ရဲ့အုပ်ထိန်းသူ ဒီဆေးရုံကိုလာပို့ထားသူ ရှိပါတယ် တွေ့ခွင့်ရှိ မရှိလှမ်းမေးပေးရမှာမို့ အကို့နာမည်လေးပြောပေးပါရှင် "

'' Kim......"

နာမည်ပြောခါနီးမှ ခေါင်းထဲတစ်စုံတစ်ခုကို စဥ်းစားမိကာ နာမည်ကိုမပြောသေးပဲ ရပ်ထားလိုက်သည်။

" ရှာနေတဲ့ အသိတစ်ယောက်နဲ့တူလို့ သူဒီကိုဘယ်လိုရောက်လာတာလဲ ပြောပြပေးနိုင်မလား "

" ဟိုလေ... အုပ်ထိန်းသူက ဒီတိုင်းပဲ စိတ်ကျန်းမာရေးမကောင်းဘူးဆိုပြီး လာအပ်ထားတာပါ ကျန်တာတော့ ပြောပြခွင့်မရှိပါဘူး... "

" အဲ့ အုပ်ထိန်းသူဆိုတဲ့သူက ဘယ်နေ့တွေလာကြည့်တတ်သေးလဲ "

" ပုံမှန်လာတတ်တာမျိုးမရှိပါဘူး... လိုအပ်တာလာကြည့်ပေးရင်း အဲ့ဒီအန်တီနဲ့တနေကုန်စကားတွေပြောပြီး ပြန်သွားတာပဲ
အကိုအခုတွေ့ချင်ရင် ကျမတို့ သူ့ကို ဖုန်းဆက်.... "

သံယောဇဉ်အကျဥ်းသား (Taejin)Donde viven las historias. Descúbrelo ahora