အပိုင်း (37)

1.3K 129 24
                                    

ကံကြမ္မာရဲ့ အဆုံးအဖြတ်မရှိစေရတဲ့
အချစ်အတွက်အစမ်းသပ်ခံပြိုင်ပွဲမှာ
သစ္စာတရားသာကိုးကွယ်ရာ...။

အဲ့နေ့က လွမ်း လွမ်းနဲ့ ဘယ်လောက်တောင် နမ်းလိုက်ကြသလဲမေးရင် နှစ်ယောက်စလုံးမောပန်းပြီး အားအင်ပြတ်လပ်သွားတဲ့အထိ...။
နှုတ်ခမ်းလေးတွေ နီရဲဖူးယောင်လာတဲ့အထိ...။

နှုတ်ခမ်းလေးတွေဟာ ရူးသွားတဲ့အထိချစ်မိစေခဲ့တဲ့ အဆိပ်ဖြစ်ပြီး အဲ့နှုတ်ခမ်းလေးနဲ့ နမ်းတဲ့အခါများမှာတော့ Tae Hyungအတွက် ဖြေဆေးဖြစ်သွားခဲ့ကာ နာကျင်ရသမျှအားလုံးကို လွင့်စင်မေ့ပျောက်သွားနိုင်ခဲ့သည်။

သူတို့နှစ်ယောက်ရဲ့ကြားမှာ နာကျင်စရာတွေ ဘာတစ်ခုမှမရှိတော့တဲ့အခါ...
သစ္စာဆိုခဲ့တဲ့အတိုင်း Tae Hyungအပေါ်မှာ နူးညံ့သောချစ်ခြင်းတရားဖြင့်သာ လွှမ်းခြုံပေးတဲ့သူဟာလည်း Seok Jinကိုယ်တိုင်သာ...။

Tae Hyungရဲ့ စိတ်အမှောင်ဘတ်အခြမ်းက နာကျင်ကြေကွဲစရာတွေကို Seok Jinဟာ အသက်နဲ့ရင်းကာ သစ္စာထားတိုင်တည်ပြီး အနမ်းတွေနဲ့ လွှမ်းခြုံပယ်ဖျက်လိုက်သည်။

" အနားကနေ ဘယ်တော့မှထွက်မသွားတော့ဘူးလို့ ကတိပေးတယ်...မင်းကို ဒီထက်မကအများကြီးပိုချစ်ပါ့မယ် "

" Hyungကိုယုံပါတယ် ကံကြမ္မာကိုမယုံရဲတာ"

" ကံကြမ္မာက အခုတောင် ငါတို့ကိုအနိုင်ရခဲ့တာမှမဟုတ်တာ "

" နောက်ထပ်လည်းဘယ်တော့မှ Hyungအသက်ကို မထိခိုက်စေရပါဘူးလို့ ကတိထပ်ပေးပါ... Hyungအသက်က ကျွန်တော့်အသက်နဲ့ထပ်တူထပ်မျှပဲ... Hyungမရှိရင် ကျွန်တော်လည်း ရှိနိုင်မှာမဟုတ်ဘူးဆိုတာ သိရဲ့လား"

" သိပါပြီ Tae Hyungရယ်... မင်းရင်ခွင်ထဲမှာပဲ ငါလုံလုံခြုံခြုံနေပါ့မယ်...နောက်ထပ်လည်းမင်းကိုဘယ်တော့မှ နာကျင်အောင်မလုပ်တော့ပါဘူး "

" တကယ်နာကျင်စေခဲ့တာက ကျွန်တော်ပါ...မေတ္တာစူးပြီး ရူးတာ"

" မင်းအချစ်တွေကြောင့် ငါအခုနည်းနည်းလေးတောင်မှ နာကျင်ရမှန်းမသိတော့ဘူး... ငါ့ကလေးလေးက ဘယ်တော့မှအပြစ်မရှိဘူး "

သံယောဇဉ်အကျဥ်းသား (Taejin)Where stories live. Discover now