" ဘယ်သူလဲ Tae Hyung..."
" မသိဘူး..... ! "
" Oppa..."
" ဟင်... Yuri ရောက်လာတာ! "
နူးကလီးယားဗုံးတွေပေါက်သွားသလို အသံမျိုး နားထဲ မချိမဆန့်ဝင်လာတဲ့အခါ Tae Hyung သွေးတွေတိုးနေရင်းကနေ သွေးကြောတွေပါ ပေါက်ထွက်မတတ်ပဲ...။
Tae Hyung ရဲ့ဆူပုတ်နေတဲ့မျက်နှာကို မြင်လိုက်ရတာမို့ လန့်သွားသလို အရှိန်သတ်သွားသော Yuri က Seok Jin အနားကိုပြေးကပ်သွားသည်။ မိန်းမတွေက သိပ်ပိုတာ...။
အရမ်းရင်းနှီးမနေသော ဆက်ဆံရေးတစ်ခုမှာ Yuri အိမ်ထိရောက်ချလာခဲ့ခြင်းဟာ မာမီ့စနက်ကလွဲလို့ ဘာရှိမှာလဲ...။
Tae Hyung အတွက်ချက်ပြုတ်ပေးနေရတဲ့ တန်ဖိုးရှိအချိန်လေးကို ဘယ်သူ့ကိုမှ မျှဝေမပေးချင်သော်လည်း Yuri က လက်ရှိမာမီရဲ့ Target ဖြစ်သော KB Group ရဲ့ တစ်ဦးတည်းသောသမီး KB ရဲ့ ဒါရိုက်တာပါဖြစ်တာမို့ မျက်နှာပျက်စရာတွေ မဖြစ်ချင်တဲ့စိတ်နဲ့ အရင်းအနှီးကြီးကြီးထပ်ရနိုင်သော လုပ်ငန်း Partaner ဖြစ်လာလိမ့်မည်ဟု တွက်ချက်မိထားတာကြောင့် အစကမပတ်သတ်ချင်ခဲ့သော်လည်း Kim Group အတွက် လက်လွတ်မခံသင့်ဟု ဆုံးဖြတ်ထားတဲ့သူမို့လို့... ရိုင်းပြမသွားမိအောင်တော့ သတိထားရသည်။
" Yuri ဘာကိစ္စနဲ့ အိမ်ထိရောက်လာတာလဲ ကျွန်တော်ကြိုမသိလို့ ဘာမှမပြင်ဆင်ထားရဘူး အားနာလိုက်တာ ...ပုံမှန်ဆို ပိတ်ရက်တွေမှာ ကျွန်တော်အပြည့်အဝအနားယူပါတယ် အလုပ်ကိစ္စတွေကိုလည်း Company မှာပဲ တွေ့လေ့ရှိတာမို့လို့ ဘာများအရေးကြီးလို့လဲ မသိဘူး "
" ဘာပြင်ဆင်ရမှာလဲ... ဘာမှလည်း အရေးမကြီးပါဘူး Yuri က Oppa ကို သပ်သပ် suprise လာလုပ်တာ
အလုပ်ကိစ္စလည်းမပါပါဘူး... အတူတူတွေသောက်ဖို့ wineတွေတောင် ယူလာခဲ့တယ်
company က director type နဲ့ မဟုတ်ပဲ တခြားtypeလေးနဲ့ Oppaကို မြင်ဖူးချင်လို့ ... အိမ်ကိုသွားလိုက်ပါလို့ မာမီ Damiကပြောတယ် Jin Oppa နေသိပ်မကောင်းဘူးဆို ဒဏ်ရာတွေကဘယ်လိုဖြစ်တာလဲ "" ရပါတယ် Yuri ကျွန်တော်အဆင်ပြေပါတယ်... မာမီလည်း အိမ်မှာရှိမနေတော့လေ.. Yuri နေရတာ အဆင်ပြေပါ့မလား "
ESTÁS LEYENDO
သံယောဇဉ်အကျဥ်းသား (Taejin)
Fanficနမ်းလိုက်တိုင်း အဲ့နှုတ်ခမ်းတွေက ချိုနေတာသိပေမယ့်လည်း.... သူ့ရင်ဘတ်ထဲမှာ လာခါးသည်။ အရိုင်းဆန်တဲ့အထိအတွေ့တွေပါ ဆိုတာတောင်မှ နွံထဲမှာရုံးတဲ့နွားလို နစ်ပြီးရင်းနစ်နေတာ.... သွေးရူးသွေးတန်းထွက်ပြေးလိုက်တိုင်း ဒီရင်ခွင်ရှိရာ အရပ်ကိုပဲမျက်စိလည်ပြီး ပြန...