" အာ... သေတော့မှာပဲ "
" ဟင် ဘာဖြစ်လို့လဲ "
ကားပေါ်လှမ်းတတ်ဖို့ပြင်လိုက်စဥ်မှာ Tae Hyungဆီက ရုတ်တရက်အသံကြောင့် Seok Jinမှာ ကားထဲမဝင်ရဲသေးပဲ အလန်တကြားဖြစ်သွားသည်။
" ဘာလဲလို့...! "
ရွှေညိုရောင်ဆံပင် ခပ်ရှည်ရှည်လေးတွေကို အကုန်လှန်တင်သိမ်းဖြီးထားပြီး ထင်းနေတဲ့နဖူးပြင်ကျယ်ကျယ်လေးနဲ့ ဖူးညွှတ်အိထွေးနေတဲ့ ခပ်ထူထူနှုတ်ခမ်းနှစ်လွှာ...။
ဆင်စွယ်ရောင်coatလေး ထပ်ဝတ်ထားကာ မဟာဆန်ဆန်မျက်နှာရှင်းရှင်းလေးနဲ့ သတို့သားလောင်းလေးဟာ သေးသေးလေးချိုးဖဲ့ခေါက်သိမ်းပြီး ဖွက်ထားပစ်ချင်စရာ...။
မျက်နှာပေါ်ကအစိတ်အပိုင်းတစ်ခုချင်းစီရဲ့ အသေးစိတ်အချိုးအစားလေးကအစ ရှင်းလင်းပြတ်သား ခန့်ညားနေတဲ့ ဒီယောက်ကျာ်းဟာ တကယ့်တော်ဝင်အလှနတ်ဘုရား...။
" ဘာလို့အဲ့လောက် လှရတာလဲ ~ "
သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ ဆူပုတ်သွားတဲ့မျက်နှာထားနဲ့ အဖြေကိုရပြီးမှ Seok Jinကားထဲသာသာလေးဝင်ထိုင်ရသည်။
" မင်းရွေးပေးထားတဲ့ ဝတ်စုံပဲလေ... ခေါင်းအစခြေအဆုံး မင်းဆင်ထားတဲ့အရာတွေချည်းပဲ... ဘာတွေအလိုမကျပြန်ပြီလဲ "
"အပြင်ရောက်ရင် လူတွေကိုမရယ်ပြနဲ့နော် "
" ဓာတ်ပုံရိုက်တဲ့အခါကျ မရယ်လို့ရမလား "
"ရယ်လိုက်ရင် Hyungက ဒီထက်ပိုလှသွားဦးမှာ...ကျွန်တော်တော့ ဒုက္ခပါပဲ... သူများတွေမကြည့်ခင် ကျွန်တော်ဝအောင်နမ်းထားဦးမယ်"
" နမ်း... နမ်း ...စိတ်တိုင်းကျနမ်း ~ "
ကားမမောင်းထွက်မီ အနားကပ်လာပြီး မျက်နှာအနှံ့ကိုအားရပါးရနမ်းရှိုက်ကာ သူ့အပိုင်ကိုနှမြောတွန့်တိုနေတဲ့ Tae Hyungဟာလည်း ချောလိုက်တာမှနှစ်ယောက်မရှိ...။ ကြွေရုပ်လေးကို အသက်သွင်းထားတာနဲ့တောင်တူနေသည်။
သန့်သန့်ပြန့်ပြန့်နဲ့ ကြည့်မဝနိုင်အောင် လိုက်ဖက်ခန့်ညားနေတဲ့ နှစ်ယောက်သားဟာ ဒီနေ့မှာ Pre Weddingရိုက်ဖို့သွားရမှာ...။
YOU ARE READING
သံယောဇဉ်အကျဥ်းသား (Taejin)
Fanfictionနမ်းလိုက်တိုင်း အဲ့နှုတ်ခမ်းတွေက ချိုနေတာသိပေမယ့်လည်း.... သူ့ရင်ဘတ်ထဲမှာ လာခါးသည်။ အရိုင်းဆန်တဲ့အထိအတွေ့တွေပါ ဆိုတာတောင်မှ နွံထဲမှာရုံးတဲ့နွားလို နစ်ပြီးရင်းနစ်နေတာ.... သွေးရူးသွေးတန်းထွက်ပြေးလိုက်တိုင်း ဒီရင်ခွင်ရှိရာ အရပ်ကိုပဲမျက်စိလည်ပြီး ပြန...