စျာပနခန်းမထဲဝင်ဖို့ကားပေါ်ကအဆင်း လက်သီးတွေကိုကျစ်နေအောင်ဆုတ်ရင်း အသက်ကိုခပ်ပြင်းပြင်းတစ်ချက်ရှုလိုက်သည်။
ဒဏ်ရာဒဏ်ချက်တွေ သယ်ပိုးထားရတဲ့ ခြေတစ်လှမ်းတိုင်းမှာလေးလံနေခဲ့ကာ ဘယ်သူမှမမြင်ရလောက်သေးတဲ့ နေရာရောက်တော့မှ အားတင်းပြီးမတ်မတ်ရပ်ထားတဲ့ ဒူးတွေကညွှတ်ကျသွားကာ ပြိုလဲသွားခဲ့တာမို့ ဘေးမှာပါလာသော Jimin နဲ့ Jungkook က ဖမ်းထိန်းထားလိုက်ရသည်။ လူတွေအများကြီးကြားထဲ တိုးမဝင်ခင် ခန်းမထဲမရောက်ခင်အထိ သူငယ်ချင်းတွေလက်ထဲ လူးလိမ့်နေအောင်အားရပါးရရှိုက်ငိုရသည်။
" ပစ္စည်းဥစ္စာတွေက လွဲလို့ ငါ့မှာ ဘာမှမရှိတော့ဘူး... တကယ် မရှိတော့ဘူး Appaနဲ့ နောက်ဆုံးဆုံတွေ့ခြင်းက ဒီနေရာမှာတဲ့လား "
နောက်မိန်းမယူသွားခဲ့ကတည်းက Appaကိုအရင်ကလို ဖတ်လှဲတကင်းမဆက်ဆံဖြစ်တော့သော်လည်း Appa ဟာ သူ့ကို ငွေပုံပေါ်မှာထားခဲ့ပြီး ဖွင့်ချင်တဲ့နေရာက Club တွေ bar တွေမှန်သမျှ ရအောင်ဖွင့်ပေးခဲ့သည်။
Appa ဆက်တဲ့ဖုန်းတွေကို ကိုင်ချင်မှကိုင်ခဲ့သော်လည်း Seok Jinကနေတဆင့် ဂရုစိုက်ဖို့ အလုပ်တွေဝင်လုပ်ဖို့ အမြဲမှာနေခဲ့တာ ပြန်မလာနိုင်တော့မှန်းသိလိုက်ရတော့မှ ရလာတဲ့နောင်တနဲ့ ဝမ်းနည်းနာကျင်ခြင်းတွေ...။
Omma နဲ့တောင် ပြန်မဆုံဆည်းရသေးခင် Appa ကိုပါ ဆုံးရှုံးလိုက်ရပြီမို့ လစ်ဟာသွားသော ကွက်လပ်တွေအများကြီးနဲ့ ဘဝကို ဘယ်နေရာကနေပြန်စရမယ်တောင် မတွေးရဲတော့...။
Tae Hyung ရဲ့ ဆုံးရှုံးနာကျင်မှုတွေက ဘယ်ကစပြီးကိုယ်ချင်းစာပေးရမှန်းမသိအောင်ကို များတာမို့ Jimin နဲ့ Jungkook ဟာ Tae Hyung ငိုနိုင်သလောက်ထိ ငိုစေရန်သာ ပုခုံးလေးပုတ်ပြီး သာသာလေးနှစ်သိမ့်ပေးနိုင်ခဲ့သည်။
ရက်အနည်းငယ်ထိ ဒဏ်ရာတွေနဲ့ လဲနေခဲ့ရသူပြန်ထလာနိုင်တဲ့အချိန်မှာ ထွေးပွေ့ယုယမယ့် မိဘရင်ခွင်ဆိုတာမရှိခဲ့တဲ့အပြင် စျာပနအခမ်းအနားတစ်ခုကသာ စောင့်ကြိုနေခဲ့သည့်ဘဝမျိုး...။
ဂန္ဓမ္မာပန်းအဖြူတွေနဲ့ပြည့်နှက်နေတဲ့ ခန်းမလေးထဲ လှမ်းဝင်လာသော Tae Hyung သည် လမ်းကောင်းကောင်းမလျှောက်နိုင်သေးတာမို့ ဘေးမှာ Jungkookကတွဲထားပေးပြီး Jimin ကနောက်ကနေထိန်းလိုက်လာသည်။
ŞİMDİ OKUDUĞUN
သံယောဇဉ်အကျဥ်းသား (Taejin)
Hayran Kurguနမ်းလိုက်တိုင်း အဲ့နှုတ်ခမ်းတွေက ချိုနေတာသိပေမယ့်လည်း.... သူ့ရင်ဘတ်ထဲမှာ လာခါးသည်။ အရိုင်းဆန်တဲ့အထိအတွေ့တွေပါ ဆိုတာတောင်မှ နွံထဲမှာရုံးတဲ့နွားလို နစ်ပြီးရင်းနစ်နေတာ.... သွေးရူးသွေးတန်းထွက်ပြေးလိုက်တိုင်း ဒီရင်ခွင်ရှိရာ အရပ်ကိုပဲမျက်စိလည်ပြီး ပြန...