Tae Hyung ရဲ့ နာနာကျည်းကျည်း အကြမ်းပတမ်းအနမ်းတွေခံလိုက်ရပြီးတည်းက လူကခွေလဲကျသွားခဲ့တာ ဘာအင်အားမှတောင် တကယ်မကျန်တော့တဲ့အထိ အဆိပ်တွေပြင်းခဲ့သည်။
Accident ဖြစ်ပြီးကတည်းက တစ်ခါလေးမှတောင်ကောင်းကောင်းအနားမယူပဲ သေချာကုသမှုမခံယူနိုင်ခဲ့သေးပဲ ဥက္ကဌကြီးဆုံးသွားတာမို့ ရှိတဲ့အလုပ်တွေထက်တောင် ပိုရှုပ်လာတဲ့အပြင် စီးပွားရေးပြသနာတွေ လူမှုရေးပြသနာပေါင်းစုံတွေဖြေရှင်းရရင်း Tae Hyung နဲ့ ပြသနာတွေပါ အပိုပါလာပြန်တာမို့ တကယ်ကို ဟန်မဆောင်နိုင်အောင် အင်အားနည်းလာခဲ့တာ Seok Jin ဟာ ယဲ့ယဲ့လေးသာကျန်တော့သည်။
စိတ်ရောလူရော ပင်ပန်းလွန်းတာတွေကြောင့် အဖျားငွေ့ငွေ့လေးတွေအမြဲရှိနေရာကနေ ဒီနေ့တော့ခေါင်းတွေအရမ်းကိုက်ပြီး ကိုယ်တွေအရမ်းပူလာတာမို့ Nam Joonကို ကားမောင်းပို့ခိုင်းကာ အိမ်ကိုစောစောပြန်လာခဲ့ရသည်။
ဂရုစိုက်ပြုစုပေးမယ့်သူတွေ ဘယ်သူမှအနားမှာ မရှိနေခဲ့ပေမယ့်လည်း နားခိုစရာနေရာက ဒီအိမ်လေးပဲဖြစ်သည်။
လုပ်ငန်းစုအကြီးကြီးတစ်ခုရဲ့ ဒေါက်တိုက်ကြီးပြိုလဲကျသွားတဲ့ ဂယက်သည် စီးပွားရေးလောကတစ်ခုလုံးကို ရိုက်ခတ်နေပေမယ့် Seok Jin က တစ်ချက်လေးမှ ယိုင်နဲ့မသွားအောင် ထိန်းထားနိုင်ခဲ့သော်လည်း Tae Hyung ရဲ့ အနမ်းလေးတစ်ချက်မှာတော့ နှလုံးသားတွေပါ ပြိုလဲကျမသွားအောင်အထိ ထိန်းထားနိုင်တဲ့အရည်အချင်းမျိုး တကယ်မရှိခဲ့...။
မာမီက Tae Hyung နဲ့အတူမနေနိုင်ဘူးဆိုကာ Apartment တစ်ခုဝယ်နေခဲ့ပြီး Tae Hyung ကလည်း အိမ်ပြန်မလာခဲ့တဲ့ရက်တွေမှာ သူဟာပင်ပန်းပြီး ပြန်လာလည်း ကြိုဆိုသူမဲ့ခဲ့တဲ့နေ့ရက်တွေနဲ့ အမောပြေစရာဘာတစ်ခုမှ မရှိခဲ့။
အရင်ကလည်း မရှိခဲ့တာချင်း အတူတူတောင် ကိုယ့်အနားမှာလာတွယ်နေတဲ့ သံယောဇဉ်ကြိုးလေးတွေ ချည်သူလေးကို ပြန်လာရင် တမ်းတမ်းတတတော့ တွေ့ချင်မိသေးတာ...။
'' Tae Hyung ပြန်မလာဘူးလား အဒေါ်ကြီး "
" အဲ့နေ့တည်းက ပြန်မလာသေးဘူး အကိုလေး... "
YOU ARE READING
သံယောဇဉ်အကျဥ်းသား (Taejin)
Fanfictionနမ်းလိုက်တိုင်း အဲ့နှုတ်ခမ်းတွေက ချိုနေတာသိပေမယ့်လည်း.... သူ့ရင်ဘတ်ထဲမှာ လာခါးသည်။ အရိုင်းဆန်တဲ့အထိအတွေ့တွေပါ ဆိုတာတောင်မှ နွံထဲမှာရုံးတဲ့နွားလို နစ်ပြီးရင်းနစ်နေတာ.... သွေးရူးသွေးတန်းထွက်ပြေးလိုက်တိုင်း ဒီရင်ခွင်ရှိရာ အရပ်ကိုပဲမျက်စိလည်ပြီး ပြန...