အပိုင်း (2)

1.7K 174 8
                                    

" ဒေါက်... ဒေါက် ''

အခန်းရှေ့က တံခါးခေါက်သံကြားမှ တစ်ညလုံးမအိပ်ပဲမိုးလင်းသွားပြန်ပြီဆိုတာ သိသည်။

မမြင်ချင်တဲ့ မျက်နှာနဲ့ရင်ဆိုင်လိုက်ရတာမို့ Tae Hyung မနက်ခင်းဟာ ကျတ်သရေကိုရှိမနေတော့
ညကလည်းအိပ်မပျော်ထားတော့ လူကမြင်သမျှဆွဲလုပ်ပစ်ချင်နေသည်။

အခန်းထောင့်ကစားပွဲပေါ်က အရာမယွင်းသော ညစာဗန်းက တစ်စက်လေးမှထိတို့ထားပုံမရှိ
အေးစက်နေတဲ့ Aircon အခန်းကဆေးလိပ်အနံ့ နည်းနည်းရောနေပြီး Seok Jinကအခန်းထဲကို မျက်မှောင်ကျုံ့ကြည့်ရင်း ဝင်လာသည်။

လူကိုကျော်ပြီး အခန်းထဲကိုဝင်ဝင်လာတာတတ်သော အကျင့်ကို သူတကယ်မကြိုက်တာ။

" ဘာလဲ! "

'' အခန်းထဲမှာဆေးလိပ်မသောက်နဲ့ ''

'' ခင်များအခန်းလား ''

'' ငါ့ အိမ်မှာ ဆေးလိပ်သောက်လို့မရဘူး ''

'' ခင်များအိမ်လား ကျွန်တော့်အဖေပိုင်တာပါ "

" ဒီအိမ်မှာ ငါ့စည်းကမ်းနဲ့ ငါ့စကားပဲတည်တယ် ဥက္ကဌက အိမ်ကိစ္စတွေလှည့်ကြည့်နိုင်တာ မဟုတ်ဘူး နေရုံသက်သက်ပဲ "

" ခင်များလည်း နေရုံပဲနေ! ကျွန်တော်ကသွေးသားနော်
ခင်များအိမ်မှာလာတတ်နေတာမဟုတ်ဘူး! ကိုယ့်အဖေအိမ်ကိုယ်နေတာ ဘာမှလာမပြောနေနဲ့ နေချင်သလိုနေမှာ.. ကြိုပြောထားတာ ''

စကားကို ပတ်ခနဲပြောလိုက်လည်း ဖျက်ခနဲပြန်ကြည့်တာကလွဲရင် မျက်နှာမပျက်သွားတဲ့ အေးစက်စက်နဲ့ Kim Seok Jin ပုံစံက တကယ်ကိုကလိကလိနဲ့ စိတ်တိုစရာကောင်းတာ။

အခုမှသေချာသတိထားကြည့်မိတဲ့ မယားငယ်သားရဲ့မျက်နှာဟာ သူ့ထက်အသက်၃နှစ်ကြီးပေလို့သာပဲ ယောက်ကျားတန်မဲ့နုဖတ်ပြီး အသားအရေက ပန်းသွေးရောင်သန်းနေတာ။

မျက်ခုံးတန်းတန်းလေးကနက်နေပြီး နှာတံစင်းစင်းလေးရယ်... ဖူးကြွကွေးညွှတ်နေတဲ့ နှုတ်ခမ်းရဲရဲလေးနဲ့။
အပေါ်နှုတ်ခမ်းလေးတွေက နှုတ်သီးလေးလိုဖူးဖူးကြွကြွလေး...။

ဒီကောင့်နှုတ်ခမ်းတွေကို အပိုင်ရမယ့်သူကတော့ ကမ္ဘာပေါ်ကံအကောင်းဆုံးသူပဲလို့ မဆီမဆိုင်တွေးလိုက်ရလောက်အောင်ကို Kim Seok Jin ရဲ့နှုတ်ခမ်းတွေက သိပ်လှနေတာ။

သံယောဇဉ်အကျဥ်းသား (Taejin)Tempat cerita menjadi hidup. Temukan sekarang