" တကယ် ၃ရက်လုံး ဒီမှာရှိနေတာလား "
" အင်း... "
" တော်တော်နေမကောင်းဖြစ်ခဲ့တာလား ကျွန်တော် က "
" ကြည့်လေ မင်းကိုယ်မင်း... အခုရောဘယ်လိုနေလဲဆိုတာ"
" ခင်များကလွဲရင် အိမ်မှာတခြားခိုင်းစရာလူမရှိဘူးလား "
" ငါ ဖြစ်နေလို့မကြိုက်ပြန်ဘူးလား..... သက်သာလာပြီဆိုတော့ ငါပြန်မယ်လေ တစ်ယောက် ယောက် လွှတ်ပေးလိုက်မယ်''
" ဒီတိုင်းမေးတာပါ... ပြန်ခိုင်းနေတာလည်း မဟုတ်ဘူး ခင်များကလွဲပြီး တခြားသူလည်းကျွန်တော်မသိလို့ နေတတ်မှာမဟုတ်ဘူး "
" Namjoon ကို ခေါ်လိုက်မယ် "
" Namjoon Hyung က အားနေတာ မဟုတ်ဘူး "
" အော်... ငါပဲ အားအားယားယားလာစောင့်နေမိတာပဲ အဲ့တာဆို "
" ခင်များမနေချင်လို့ ပြန်ချင်လည်း ဘယ်သူ့ကိုမှခေါ်မနေနဲ့ ကိုယ့်ဘာသာ နေခဲ့လို့ရတယ် "
အကြောတင်းလေးကလည်း သတိလေးရလာတာနဲ့ တစ်စက်လေးမှမလျော့....
ရှိရှိသမျှအလုပ်တွေအားလုံးကို Namjoonနဲ့တကွ တခြားသော assistant တွေကိုလွှဲပြီး ၃ရက်လုံးခြေတစ်ဖဝါးမှ မခွာပဲ စောင့်နေပေးတဲ့သူက Lap Top ထဲကအလုပ်တွေတစ်က်ဖက် ခုတင်ပေါ်က တစ်ချက်တစ်ချက်ညီးနေသော ကောင်လေးကို စိုးရိမ်တကြီး ချော့မော့ရတာတစ်ဖက်နဲ့ နှစ်ဖက်လုံးမလစ်ဟင်းစေရအောင် ဗျာများခဲ့ရသောနေ့တွေက တစ်ယောက်တည်းထားခဲ့ချင်လို့မှမဟုတ်ခဲ့ပဲ...။
Tae Hyung အဖျားတွေမကျမခြင်း သတိမရမချင်း ဆေးရုံတစ်ခုလုံးကို ပတ်ပြီးပြသနာရှာထားလိုက်ရတာလေ... Seok Jin ကိုယ်တိုင်လည်းမလွယ်ကူနေခဲ့ပဲ အိပ်ရေးတွေပျက်ပြီး ပင်ပန်းနေခဲ့ပြီ။
ဆရာဝန်တွေပြန်သွားတော့ ပြောခဲ့တဲ့စကားတွေကြောင့် Tae Hyung ခုနကလို ထပ်သောင်းကျန်းမနေတော့ပဲ ငြိမ်ငြိမ်သက်သက်လေးဖြစ်သွားသည်။
၃ရက်လုံး အသဲအသန်ဖျားခဲ့တဲ့လူကို တစ်ယောက်တည်းအားနဲ့ဘယ်လိုများဂရုစိုက်ခဲ့သလဲ မသိပေမယ့် နေထိုင်မကောင်းများဖြစ်ရင် ဘယ်သူ့အားကိုးရပါ့မလဲတွေးခဲ့ဖူးသော်လည်း အခုတော့အားကိုးရာက Kim Seok Jin ပဲရှိနေသည်။
KAMU SEDANG MEMBACA
သံယောဇဉ်အကျဥ်းသား (Taejin)
Fiksi Penggemarနမ်းလိုက်တိုင်း အဲ့နှုတ်ခမ်းတွေက ချိုနေတာသိပေမယ့်လည်း.... သူ့ရင်ဘတ်ထဲမှာ လာခါးသည်။ အရိုင်းဆန်တဲ့အထိအတွေ့တွေပါ ဆိုတာတောင်မှ နွံထဲမှာရုံးတဲ့နွားလို နစ်ပြီးရင်းနစ်နေတာ.... သွေးရူးသွေးတန်းထွက်ပြေးလိုက်တိုင်း ဒီရင်ခွင်ရှိရာ အရပ်ကိုပဲမျက်စိလည်ပြီး ပြန...