ခြောက်ကပ်နေသောအိမ်ကြီးထဲမှာ Tae Hyung ဆေးရုံကပြန်လာပြီးတည်းက စိုစိုပြေပြေ အော်သံဟစ်သံတွေနဲဲ့ ပြန်စည်ကားလာသည်။
Kim Seok Jin ရဲ့တစ်အိမ်လုံးကို အလိုမကျမှုတွေက Tae Hyung ဒဏ်ရာမသက်သာ မချင်း ခံနေရဦးမှာ.... နေချင်းညချင်းပြောင်းလဲသွားသော ဆက်ဆံရေးတစ်ခုကို သူတို့နှစ်ယောက်ကလွဲပြီး ဘယ်သူမှလိုက်လို့ မမှီခဲ့...။
အဒေါ်ကြီးနဲ့တကွ အိမ်ကအလုပ်သမားကလေးတွေအားလုံးဟာ Kim Seok Jin ရဲ့ လုံးဝမမြင်ဖူးခဲ့သော ပုံစံအသစ်ကို အံ့သြလွန်းကာ စပ်စုချင်တာမို့ လုပ်သမျှအလုပ် အကုန်အလွဲလွဲအချော်ချော်နဲ့...။
" Tae Hyung ကို ကြက်သားမကျွေးနဲ့နော် "
" Tae Hyung ဒဏ်ရာကို ရေထိပြန်ပြီလား...."
" Tae Hyung အခန်းထဲက Airfresherကုန်တော့မယ်နော် "
" Tae Hyung အညှော်မိမယ်နော် အခုတလောကြော်စားတဲ့ဟာတွေ မကြော်နဲ့ ဖြစ်နိုင်ရင် ဒီရက်ပိုင်းတွေ အိမ်မှာဘာမှချက်မစားကြနဲ့ အကုန်ဝယ်စား ကျွန်တော် အကုန်ကျွေးမယ် စားချင်တာ မှာစားကြ "
အသံစာစာသေးသေးလေးက ဘယ်တော့မှတိတ်သွားတယ် မရှိ....ညှိုနှိုင်းမှုလေးတစ်ခုလုပ်ပြီး တစ်ထစ်လျှော့ချခဲ့သော အမုန်းတွေကြားထဲက ထိုးထွက်ပွင့်လန်းလာသောမေတ္တာပန်းလေးကို ဘယ်တော့မှ မညှိုးစေလိုသောစိတ်နဲ့ ဂရုစိုက်မှုအားလုံးကို Tae Hyung တစ်ယောက်ဆီမှာ တစ်ပုံတစ်ပင်ပေးခဲ့သည်။
စိတ်ကလေးကြည်နေရင် တစ်အိမ်လုံးကအလုပ်သမားအကုန် မောင်းထုတ်ပြီး သူကိုယ်တိုင်ထမင်း ဟင်းသေချာဝင်ချက်ကာ အစစအရာရာ အသေးစိတ်ကအစ အကုန်သူ့ခြေသူ့လက်နဲ့ ကိုယ်တိုင်ဂရုစိုက်ခဲ့သည်။
လောကနဲ့ခဏအဆက်အသွယ် ပြတ်နေသော Tae Hyung ကတော့ ဆေးရုံကပြန်လာမှ ကားထဲမှဖုန်းက လက်ထဲရောက်တာကြောင့် missed call တွေ message တွေ noti တွေများစွာတတ်နေသော ဖုန်းတစ်လူံးနဲ့ အလုပ်ရှုပ်နေသည်။
ဒီရက်ပိုင်းတွေရုံးတောင်မသွားပဲ တစ်ချိန်လုံး အနားမှာရှိနေပေးသော Seok Jin ကို စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရပါသော်လည်း ပါးစပ်ကနေတော့ ထုတ်မပြောဖြစ်ခဲ့...။
YOU ARE READING
သံယောဇဉ်အကျဥ်းသား (Taejin)
Fanfictionနမ်းလိုက်တိုင်း အဲ့နှုတ်ခမ်းတွေက ချိုနေတာသိပေမယ့်လည်း.... သူ့ရင်ဘတ်ထဲမှာ လာခါးသည်။ အရိုင်းဆန်တဲ့အထိအတွေ့တွေပါ ဆိုတာတောင်မှ နွံထဲမှာရုံးတဲ့နွားလို နစ်ပြီးရင်းနစ်နေတာ.... သွေးရူးသွေးတန်းထွက်ပြေးလိုက်တိုင်း ဒီရင်ခွင်ရှိရာ အရပ်ကိုပဲမျက်စိလည်ပြီး ပြန...