အရှိန်အဟုန်ပြင်းပြင်းနဲ့ မောင်းလာတဲ့ကားလေးဟာ ပိုမှောင်လာတဲ့ မြို့ပြင်ရောက်တဲ့ထိ တရိပ်ရိပ်နဲ့ ...။
ဒေါသအလျှောက်မောင်းချင်တိုင်းမောင်းဖို့ မြို့ပြင်ထိထွက်လာခဲ့မိတာ။
" အရှိန်လျှော့ပါဦး Tae Hyung "
အသံတိုးတိုးလေးသာ ထွက်လာတော့သောသူကို အခုမှ တစ်ချက်လှည့်ကြည့်ပြီး ကားကိုလမ်းဘေးထိုးရပ်လိုက်သည်။
မျက်နှာသွယ်သွယ်လျလျလေးရဲ့ ပါးဖောင်းဖောင်းလေးပေါ်က လက်ဝါးအရာတွေ... ဖြောင်းခနဲအရိုက်ခံလိုက်ရသော ပုံရိပ်တွေက မျက်လုံးထဲကမထွက်ပဲ ရင်တွေနာလာသည်။
အမေဆိုတဲ့ မိန်းမတစ်ယောက်က သားသမီးကို ဒီလိုဆက်ဆံတာမျိုးတကယ်ရှိနေတာလား...။
ဒါက Kim Seok Jin ဘဝအမှန်သာဆိုရင် သူနာကျင်မုန်းတီးခဲ့တာတွေ အားလုံးက ရှက်စရာတွေသာ ဖြစ်နေ လိမ့်မည်။ ရင်ထဲကဒဏ်ရာ ဒဏ်ချက်တွေက ဘယ်လောက်များရှိနေလိမ့်မလဲလို့ သူ သိပ်သနားမိလာခဲ့ပါသည်။
" တောက်... ! "
ထုံးစံအတိုင်း ဒေါသထွက်လာတုန်းကားပေါ်မှာရှိနေရင် လက်သီးနဲ့ ကားစီယာတိုင်ကို ထုရိုက်တတ်တဲ့
Tae Hyung လက်တွေကိုဖမ်းဆုတ်လာတဲ့ သူ....။" တော်ပါတော့ မကျေနပ်တာတွေရှိရင် ငါ့ကိုပဲ ရိုက်ပါ ရိုက်လိုက် Kim Tae Hyung ကျေနပ်တဲ့ထိ ရိုက်လိုက် "
" ရိုက်လိုက်တိုင်း ကျေနပ်သွားရင် ခင်များသေသွားတာတောင် မလုံလောက်ဘူး "
'' ငါ သေပေးလို့ပြီးဆုံးသွားမယ်ဆိုရင် သေပေးလိုက်ချင်တာ "
" စကားကို ဘယ်လိုပြောနေတာလဲ "
" တခါတလေ သေသွားခဲ့ချင်ဖူးတယ် တကယ်..."
" ဆက်မပြောနဲ့ သေတဲ့အကြောင်း "
" သေသွားလည်း ဘာမှမထူးတာပဲ "
" တော်တော့လို့ Kim Seok Jin... ခင်များကိုခေါ်လာခဲ့တာ ရန်ဖြစ်ဖို့ မဟုတ်ဘူး ဒေါသကိုထပ်မစွနဲ့ "
သူ့လက်ကိုကိုင်ထားတဲ့ Seok Jin လက်ကို သတိလက်လွတ် ဆွဲဖယ်လိုက်ချိန် လက်ကဒဏ်ရာက ခုနတုန်းက သွေးပူပြီးမနာဘူးထင်ပေမယ့် အခုမှ နာလာရမှန်းသိတာမို့ မျက်နှာလေးရှုံ့မဲ့လိုက်ကာ ထိခိုက်ထားတဲ့ လက်ကလေးကို ခါလိုက်မိသည်။
YOU ARE READING
သံယောဇဉ်အကျဥ်းသား (Taejin)
Fanfictionနမ်းလိုက်တိုင်း အဲ့နှုတ်ခမ်းတွေက ချိုနေတာသိပေမယ့်လည်း.... သူ့ရင်ဘတ်ထဲမှာ လာခါးသည်။ အရိုင်းဆန်တဲ့အထိအတွေ့တွေပါ ဆိုတာတောင်မှ နွံထဲမှာရုံးတဲ့နွားလို နစ်ပြီးရင်းနစ်နေတာ.... သွေးရူးသွေးတန်းထွက်ပြေးလိုက်တိုင်း ဒီရင်ခွင်ရှိရာ အရပ်ကိုပဲမျက်စိလည်ပြီး ပြန...