အပိုင်း (6)

1.4K 170 19
                                    

" ခင်များကို ပြန်တော့လို့ပြောခဲ့တာလေ... ဘာလို့လိုက်လာတာလဲ ဘာလာလုပ်တာလဲ "

" ကိစ္စရှိလို့ ခဏဝင်လာတာ "

" ဒီနေရာက ခင်များနဲ့ဘာဆိုင်လို့လဲ ဘာအပ်စပ်လို့လဲ ခုတော့ စောက်ပြသနာတွေ တတ်ရပြီ "

" မင်း club ထဲက ဇယားတွေ လာကပ်တာလေ ငါ ကိုယ့်ဘာသာ လူလိုက်ရှာနေတာ "

" ပြန်အော်နိုင်သေးတာပဲ ...လွှတ်ပေးထားရမှာ ခုနကကောင်ကို မဆွဲပဲနဲ့ "

" ဘာလို့ လာဆွဲနေသေးလဲ "

" ကျွန်တော့Club မှာ ရန်လာဖြစ်နေတာလေ အမှုပတ်မခံနိုင်လို့ "

ခေါင်းစခြေဆုံး ထပ်ကြည့်ပြီးထပ်သွေးတတ်ရသည်။
ခံစားချက်ရယ် ထွက်လာတဲ့စကားရယ်ကလည်း အစပ်ဆက်မရှိ။ ကျေမွနေသောအင်္ကျီတွေအောက်က အတိုင်းအဆမရှိပေါ်နေသောရင်ဘတ်တွေ လှန်တင်ထားသောဆံပင်စတွေကနှဖူးပေါ် ဝဲကျနေကာ အရိုက်ခံထားရသောမျက်နှာလေးမြင်တိုင်း ဒေါသကထိန်းမရတာ လိုက်လာတဲ့ Kim Seok Jin အပေါ်ကိုလား ဟိုကောင်အပေါ်ကိုလား သူမဝေခွဲတတ်တော့..။

ဒီပုံစံနဲ့ Club ထဲမလိုက်လာလောက်ဘူး ထင်သော်လည်း ဝင်လာသောပုံစံက ရူးနေလောက်အောင် အန္တရာယ်များနေတယ်လေ....။
လိုက်ဆွဲမှာပေါ့.... လိုက်ကြည့်ကြမှာပေါ့ ။

" အမှုမပတ်ချင်လို့ လာဆွဲပေးလည်းကျေးဇူးမတင်ဘူး... ငါ အဲ့ကောင်ကို သေချာပြန်မလုပ်လိုက်ရဘူး "

" အစတည်းက မကျွမ်းကျင်တဲ့နေရာကို ဝင်မလာနဲ့လေ ခင်များက ပြန်လုပ်ချင်နေသေးတယ် ရန်ဖြစ်ဖူးလို့လား ပြန်ကြည့်ဦးကိုယ့်ကိုကိုယ်လည်း ဖရိုဖရဲနဲ့... အဲ့ရင်ဘတ်တွေ....."

စကားမဆုံးခင်လက်တွေက Seok Jinရဲ့ ရင်ဘတ်ပေါ်ရောက်နှင့်ပြီးသားဖြစ်ကာ အင်္ကျီကြယ်သီးတွေကို တပ်ပစ်ဖို့လုပ်ပြီးမှ အသိစိတ်ဝင်လာကာ လက်ကိုပြန်ချလိုက်မိသည်။

မူးဝေနေသေးပုံရသော Seok Jin ကတစ်ချက်ယိုင်ကာ ကားပေါ်လက်ထောက်ပြီး လဲတော့မလိုဖြစ်လို့ Tae Hyung ကခါးတွေကို ပြေးဖတ်လိုက်ရသည်။

" ဘယ်နှစ်ချက်လောက် အရိုက်ခံခဲ့ရတာလဲ.. ဟမ် ကျွန်တော့်ကို ပြောစမ်း "

သံယောဇဉ်အကျဥ်းသား (Taejin)Место, где живут истории. Откройте их для себя