နောင်တဆိုတာမျိုးက...
ကိုယ်တိုင်ပြုခဲ့တဲ့သူအတွက်တော့ တမြေ့မြေ့နဲ့လောင်ကျွမ်းနေတဲ့ မီးတောက်တွေလိုပဲ ငြှိမ်းသက်မရအောင် ရင်ထဲမှာသိပ်ပူစေတာ...။Seoulမြို့လည်ခေါင်မှာ ပိတ်ဆို့နေတဲ့ကားတွေကြားထဲက တစ်စီးသောကားပေါ်မှာ စိတ်မရှည်တော့လို့ ကားဟွန်းကိုစွပ်တီးနေတဲ့ကောင်လေး...။
မျက်ရည်တွေနဲ့ဝေဝါးနေတဲ့မြင်ကွင်းတွေကြောင့် ဘာကိုမှမမြင်ရတဲ့အထဲ ရင်ဘတ်ထဲကပါ ပူလောင်နာကျင်နေတာ သိပ်ခံရခက်တဲ့ဝေဒနာမို့ စီယာတိုင်ကိုကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ကာရှိုက်ငိုနေရင်း နှုတ်ခမ်းကိုပြတ်ထွက်မတတ်ဖိကိုက်ထားမိသည်။
အကြီးဆုံးအမှားတစ်ခုကို အချိန်ခဏလေးအတွင်းမှာ လွယ်လွယ်ကူကူလေး ကျူးလွန်ပစ်လိုက်မိတာ... Kim Seok Jinအပေါ် ဒီတစ်ခါကျူးလွန်မိတဲ့အမှားဟာ ဘယ်လို correctionမျိုးနဲ့မှဖျတ်ပြီး အမှန်ပြန်ပြင်ဖို့မလွယ်တော့တဲ့သေရာပါတဲ့ ဒဏ်ရာ...။
ကားကိုအာရုံစိုက်ပြီးဆက်မောင်းဖို့ စိတ်တွေစုစည်းလို့မရတော့လောက်အောင်ပဲ အာရုံတွေထဲလည်း ရုပ်ပျက်ဆင်းပျက် ဖြစ်ရပ်တွေကို ပြန်မြင်ယောင်မိတာကလွဲရင် ခေါင်းထဲ ထူပူပြီး ဘာဆိုဘာအသိမှမရှိတော့ပဲ နာကျင်ထုံထိုင်းနေပြီ။
" တောင်းပန်ပါတယ်~~ တောင်းပန်ပါတယ် "
Ommaကိုတွေ့ချင်ရလွန်းလို့ ရူးမတတ်ဖြစ်နေခဲ့သော်လည်း
Seok Jinကို ပြန်တောင်းပန်ချင်နေတာကလဲ သေမတတ်ပဲ...။ Ommaရှိတဲ့နေရာကို ကားကိုပြန်ကွေ့ဖို့ကြိုးစားလိုက်.. Seok Jinမျက်နှာကို ပြင်မြင်ယောင်လာတိုင်း ကားကိုအရှိန်ပြန်တင်လိုက်နဲ့ လမ်းလည်ခေါင်မှာ အရူးတစ်ယောက်လို ဂယောင်ချောက်ချား...။Omma ကိုအခုချက်ချင်းပြေးတွေ့လိုက်ချင်တဲ့စိတ်ရယ်...
Seok Jinဆီကို အခုချက်ချင်းပြေးပြီး အနူးအညွတ်တောင်းပန်လိုက်ချင်တဲ့စိတ်ရယ်က အင်နဲ့အားနဲ့ အပြိုင်အဆိုင်တိုက်ခိုက်လွန်ဆွဲနေခဲ့ရင်း Tae Hyungစိတ်တွေဟာ အရမ်းပင်ပန်းမွန်းကျပ်နေခဲ့ပေမယ့် နောက်ဆုံး ဦးတည်ရာသည် Seok Jinရှိရာဆီကလွဲရင် ဘယ်ကိုမှလည်း ပြောင်းမသွားနိုင်ခဲ့...။
BẠN ĐANG ĐỌC
သံယောဇဉ်အကျဥ်းသား (Taejin)
Fanfictionနမ်းလိုက်တိုင်း အဲ့နှုတ်ခမ်းတွေက ချိုနေတာသိပေမယ့်လည်း.... သူ့ရင်ဘတ်ထဲမှာ လာခါးသည်။ အရိုင်းဆန်တဲ့အထိအတွေ့တွေပါ ဆိုတာတောင်မှ နွံထဲမှာရုံးတဲ့နွားလို နစ်ပြီးရင်းနစ်နေတာ.... သွေးရူးသွေးတန်းထွက်ပြေးလိုက်တိုင်း ဒီရင်ခွင်ရှိရာ အရပ်ကိုပဲမျက်စိလည်ပြီး ပြန...