ဒဏ်ရာဒဏ်ချက်ပေါင်းများစွာနဲ့ နှလုံးသားမှာ အချစ်ကိုကိုးကွယ်ထားစရာနေရာမရှိခဲ့သော်လည်း အနမ်းတွေဟာ ဒဏ်ရာတွေ ကျတ်စေတဲ့ ဆေးတစ်ခွက်တော့ဖြစ်ခဲ့သည်။
နှုတ်ခမ်းတွေကို နမ်းလိုက်တိုင်း လမ်းပျောက်သွားတဲ့ အတ္တတွေက ရင်ဘတ်တစ်ခြမ်းရဲ့ တခြားတစ်ဖတ်မှာတော့ သဏ္ဌာန်ပြောင်းပြီး အရိပ်လာထင်ဆဲပဲ...။
ကောင်းကင်တွေတောင်မှ နေ့ရယ် ညရယ်ဆိုပြီး မှောင်လိုက်လင်းလိုက်နဲ့ တစ်လှည့်စီ အရောင်ပြောင်းတတ်သေးတာပဲ...။
အမုန်းသွေးတွေရောနှောစီးဆင်းနေတဲ့ နှလုံးသွေးကြောထဲ ရင်ခုန်သံတွေ စည်းချက်မညီတာက အပြစ်မှမဟုတ်တော့တာ...။
Tae Hyung ဟာ Seok Jinကို သိပ်ချစ်ပေမယ့်လည်း Kim Dami ကိုမုန်းတာမို့ အနိုင်ယူချင်စိတ်ကလည်းသပ်သပ်ရှိနေသည်။
နာနာကျည်းကျည်းအမုန်းတွေနဲ့ တစ်ယောက်တည်းရှင်သန်သွားရမည့်နောက်ပိုင်း ဘယ်သူကမှ ထပ်မစော်ကားရဲအောင် အကျင့်စရိုက်တွေအကုန်လုံးကို အစအဆုံးပြောင်းလဲချပစ်ဖို့ ဆုံးဖြတ်လိုက်တာ...
သိပ်တော့မလွယ်ကူခဲ့ပေမယ့်လည်း အရောင်စုံမျက်နှာဖုံးတွေနဲ့ လူတွေရှေ့မှာ နောင်ထပ်ပြိုလဲမနေစေဖို့ သန်မာနေစေဖို့ ကိုယ့်ကိုကိုယ် အထပ်ထပ်သတိပေးထားရတာ...။
Tae Hyungဟာ Kim Group ရဲ့ တစ်ဦးတည်းသော ဆက်ခံသူဆိုတဲ့ မာနတရားနဲ့ မော့မော့ချီချီပဲ...။
Kim Group ရဲ့ ဥက္ကဌဆုံးသွားပြီးနောက်ပိုင်းမှာ ဘုတ်အဖွဲ့နဲ့ ရှေ့နေတွေရဲ့ ဆုံးဖြတ်ချက်အရ CEO အဖြစ်ယာထားခံရသူဟာ သားအရင်းဖြစ်သူ Kim Tae Hyungသာ...။
အနားမှာအားကိုးစရာ မှီတွယ်စရာလူတစ်ယောက်ရဲ့ လက်တွေကို ခပ်တင်းတင်းဆုတ်ကိုင်လိုက်တာနဲ့ သွေးကြောထဲအထိလည်ပတ်သွားတဲ့ အားအင်တွေနဲ့အတူ လူအများအမြင်မှာ လူတစ်ယောက်အစားထိုးလိုက်တဲ့အတိုင်းကို ခက်ထန်ပြောင်းလဲသွားခဲ့သည်။
အားကိုးအားထားရာမိဘတွေ အနားမှာမရှိတော့လို့ ရင်ထဲမှာကြိတ်ပြီး အကြောက်တရားတွေများလာတာနဲ့အမျှ အားငယ်စိတ်တွေဝင်လာမှာကိုလက်မခံနိုင်တဲ့ ဆန့်ကျင်ဘတ်စိတ်ဟာ ရင်ဆိုင်တိုက်ခိုက်စရာတွေများလာလေ Tae Hyung ဟာ သန်မာချင်ယောင်ဆောင်ရလေ... အကြောတွေတင်းလာရလေပဲ...။
YOU ARE READING
သံယောဇဉ်အကျဥ်းသား (Taejin)
Fanfictionနမ်းလိုက်တိုင်း အဲ့နှုတ်ခမ်းတွေက ချိုနေတာသိပေမယ့်လည်း.... သူ့ရင်ဘတ်ထဲမှာ လာခါးသည်။ အရိုင်းဆန်တဲ့အထိအတွေ့တွေပါ ဆိုတာတောင်မှ နွံထဲမှာရုံးတဲ့နွားလို နစ်ပြီးရင်းနစ်နေတာ.... သွေးရူးသွေးတန်းထွက်ပြေးလိုက်တိုင်း ဒီရင်ခွင်ရှိရာ အရပ်ကိုပဲမျက်စိလည်ပြီး ပြန...