Lap Top တစ်လုံးနဲ့အလုပ်ရှုပ်နေရင်း အချိန်တွေဘယ်လောက် ကုန်သွားမှန်းတောင်မသိ ..အပြင်ကို မော့ကြည့်လိုက်တဲ့အချိန်မှာပဲ မှောင်ရီဖျိုးဖြနေတာမို့ Lap top ကိုပိတ်ပြီး ဇတ်တွေချိုးအကြောတွေကို ဆန့်ထုတ်လိုက်မိသည်။
ဥက္ကဌ နိုင်ငံခရီးစဉ်တွေသွားနေရတဲ့ အချိန်တွေဆိုရင်
အခုလို Companyမသွားပဲ တနေကုန်အိမ်မှာComputer တစ်လုံးနဲ့ အလုပ်တွေလှမ်းလုပ်ပေးရတတ်သည်။meetingတွေ share ရှင်တွေနဲ့အရေးကြီးတွေ့စရာရှိမှသာ Company ရုံးခန်းမှာမြင်ရလေ့ရှိသော Kim Seok Jin ကို တစ်ချို့ဝန်ထမ်းတွေက တီးတိုးကဲ့ရဲ့ကြသလို တစ်ချို့ကလည်း ကြိတ်ပြီးအားကျကြသည်။
သို့သော် Kim Seok Jin ကိုင်တွယ်ဖြေရှင်းရသော Project တိုင်းသည်ဘယ်တော့မှရှုံးသည်မရှိ မှားသွားသည်မရှိ million တွေသာမက Billion တွေချီပြီးအကျိုးအမြတ်ရသွားတာတွေချည်းပဲမို့ အားလုံးကမတော်လှန်ရဲခဲ့ကြသလို ယှဉ်ပြိုင်ဖို့ကလည်း အရောင်အဝါတောက်ပလွန်းတာကြောင့် အနားပင်မကပ်ရဲကြ....
ဥက္ကဌကလည်းလာဘ်ကောင်းတဲ့ အဆောင်လေးလို Jin မှJin ဖြစ်ကာ အသက်ငယ်ငယ်လေးကို Director ရာထူးထိ ယုံကြည်လွန်းစွာပုံအပ်ခဲ့သည်။
'' ထယ်လေးရော အဆင်ပြေရဲ့လား နှုတ်မဆက်သွားလို့ စိတ်ဆိုးနေမယ်ထင်တယ် မင်းကပဲကြည့်ထားပေးပါဦး Jinရေ"
ဥက္ကဌနဲ့ အလုပ်ကိစ္စတွေလက်စသတ်ပြီးနှုတ်ဆက်ပြီးကာမှ ထပ်ဝင်လာသော mail ကိုဖွင့်ဖတ်လိုက်တော့မှ မနက်တည်းက ပြန်ဆင်းမလာတော့သော ကောင်လေးကိုသတိပြန်ရသွားခဲ့သည်
အလုပ်ထဲမှာစိတ်တွေနစ်နေလို့ အပြင်ထွက်သွားတာများမသိလိုက်တာလား....
ခြံထဲကိုလှမ်းကြည့်တော့ ရောက်တည်းကဖြစ်သလိုကြုံရာထိုးရပ်ထားသော ပြိုင်ကားအနီလေးက နေရာပင်မရွေ့
မနက်က စကားအနည်းငယ်များခဲ့ကာ ခြေထောက်ကဒဏ်ရာလည်းရထားတာမို့ မဆင်းလာနိုင်တာလား...ဒဏ်ရာကများလား နည်းလားမသိလိုက်ပေမယ့် သွေးတွေရဲခနဲကိုပြန်မြင်ယောင်ပြီး နည်းနည်းတော့များမယ်ထင်မိတယ် ... ရောက်ကတည်းက တစ်ခါမှဘာမှစားတာသောက်တာလည်း မတွေ့သေးသလို မနက်ကပြန်တတ်သွားတည်းကဆိုရင် ငြိမ်နေတာက တစ်နေကုန်နီးပါးတောင်ကြာနေပြီ
YOU ARE READING
သံယောဇဉ်အကျဥ်းသား (Taejin)
Fanfictionနမ်းလိုက်တိုင်း အဲ့နှုတ်ခမ်းတွေက ချိုနေတာသိပေမယ့်လည်း.... သူ့ရင်ဘတ်ထဲမှာ လာခါးသည်။ အရိုင်းဆန်တဲ့အထိအတွေ့တွေပါ ဆိုတာတောင်မှ နွံထဲမှာရုံးတဲ့နွားလို နစ်ပြီးရင်းနစ်နေတာ.... သွေးရူးသွေးတန်းထွက်ပြေးလိုက်တိုင်း ဒီရင်ခွင်ရှိရာ အရပ်ကိုပဲမျက်စိလည်ပြီး ပြန...