အပိုင်း (36)

1.2K 146 38
                                    

စစ်မှန်သော ချစ်ခြင်းတရားအတွက်
ကံကြမ္မာက ဘယ်လိုစေညွှန်မှာလဲ...။
ဒီထက်ပိုဝေးသွားကြဖို့သာ ဦးတည်နေတဲ့ဇတ်ညွှန်းမှာ
နီးစပ်ဖို့ကဘယ်လိုများဖြစ်နိုင်တော့မှာလဲ...။

နာကျင်ခဲ့ရတာတွေလည်း ထပ်တူပဲ
မျက်ရည်ကျခဲ့ရတာလည်း ထပ်တူပဲ
အနမ်းတွေမှာ ယစ်မူးရူးခဲ့ရတာလည်း ထပ်တူပဲ
နင့်နေအောင်ချစ်ခဲ့ရခြင်းကလည်း ထပ်တူပဲ
လူနှစ်ယောက်ပြန်လည်ပေါင်းစည်းဖို့အတွက်
ဘယ်အရာတွေကိုထပ်ပြီး တိုက်ရိုက်အချိုးချရမလဲ...။

ရဲတွေနဲ့အတူ Namjoon, Jiminနဲ့ Jungkookတို့ရောက်လာခဲ့တဲ့ အချိန်ဟာ သူတို့နှစ်ယောက်စလုံးအတွက် အချိန်အခါကောင်းမဟုတ်ခဲ့...။

ကြမ်းပြင်မှာမြင်မြင်သမျှအရာအားလုံးဟာ အနီရောင်သွေးတွေသာ စွန်းပေနေခဲ့ပြီး ပစ္စည်းအပျက်အစီးတွေလည်းတစ်စဆီ...။
သွေးပျက်ခြောက်ခြားဖွယ်အတိ ဖြစ်ရပ်တွေကို ဘယ်လိုပုံစံမျိုးနဲ့များ နှစ်ယောက်သားရင်ဆိုင်ဖြတ်ကျော်ခဲ့ရလဲ...။

ဘယ်လောက်တောင် ကြောက်လန့်နေလိုက်ကြမလဲ...။
တစ်ယောက်ကိုတစ်ယောက် သေလောက်အောင်ချစ်မိသွားတာကလွဲရင် ဒီကလေးတွေမှာ ဘာအပြစ်များရှိလို့ ဒီလောက်ထိတောင် ရက်စက်ရတာလဲ...။

ကံကောင်းထောက်မလွန်းလို့သာ အသက်တွေကိုမှီရုံလေးမှီခဲ့ပေမယ့် သွေးအိုင်ထဲကSeok Jinကို မြင်လိုက်တဲ့အခါမှာ သိပ်နောက်ကျသွားပြီဆိုတဲ့အသိနဲ့ Namjoonတို့ပါအသက်ရှူရပ်မတတ်ဖြစ်ရသည်။

Tae Hyungဆိုရင် ပြောဖွယ်ရာပင်မရှိ...။
တစ်ဆက်တည်းမှာ Tae Hyungကိုကြည့်ပြီး ဘေးကလူတွေပါ မွန်းကျပ်ရလွန်းလို့ သူတို့ပါမျက်ရည်ဝဲလာခဲ့ကြသည်။

Kim Damiနဲ့သူ့လူတစ်ချို့ကို လက်ထိပ်ခတ်ဖမ်းဆီးသွားတာကိုလည်းမသိ...။
ရဲတွေဝင်လာပြီး ရုတ်ရုတ်သဲသဲဖြစ်ကုန်တာလည်းမသိ...။
ဘယ်သူတွေရောက်လာပြီး ဘယ်သူတွေအနားကပ်လာတ
ယ်ဆိုတာလည်း မသိ...။
Tae Hyungဟာ ဘာကိုမှမသိနိုင်တော့သလိုမျိုးနဲ့ ပတ်ဝန်းကျင်ကိုလုံးဝမော့မကြည့်...။

မကြာခင် ဆေးရုံကားနှစ်စီးရောက်လာပြီး Dr.Hobiနဲ့အတူ ဆရာဝန်တချို့ရောက်လာကြသည်အထိ Tae Hyungသည် ဘာမှမသိ...။

သံယောဇဉ်အကျဥ်းသား (Taejin)Onde histórias criam vida. Descubra agora