" ဘယ်သူက ကျွန်တော့်ဆီဖုန်းဆက်တာလဲ မေးနေတယ်လေ "
" ကျွန်မတို့တစ်ယောက်မှ မဆက်ခဲ့ပါဘူး "
" ကျွန်တော်နားနဲ့ဆက်ဆက်ကြားခဲ့ရတဲ့ လူနာ Kim Mi So ပျောက်သွားတယ်ဆိုတာက တကယ်ပဲ ဒီဆေးရုံကဆက်ခဲ့တာ မဟုတ်ဘူးလား "
" မဟုတ်ပါဘူး Kim Miso shi က ကျန်းမာရေးပုံမှန် ပြန်ဖြစ်လာပြီမို့ အရင်ကလို ထွက် ထွက်မသွားတော့တာ ကြာပါပြီ အဲ့လိုဖြစ်စရာအကြောင်းမရှိသလို သေချာပြောနိုင်တာက ကျွန်မတို့ဆေးရုံမှာ အဲ့ဒီဖုန်းနံပါတ်လည်း တစ်ခုမှမရှိပါဘူး ဝန်ထမ်းတွေထဲမှာရော ဒီဖုန်းနံပါတ်ကိုင်တဲ့သူ တစ်ယောက်မှမရှိပါဘူးလို့ အာမခံပါတယ် လူကြီးမင်းများ တစ်ခုခုနဲ့နားကြားမှားသလားရှင် "
" အမေတစ်ယောက်လုံးရဲ့နာမည်ကို ကျွန်တော်ကမှားစရာလား အရေးတကြီးဆက်ခဲ့လို့ ကျွန်တော်အသဲအသန်ပြေးလာရခဲ့တာ ဒီကိစ္စကိုခင်များတို့ဆေးရုံက ဘယ်လိုဖြေရှင်းမှာလဲ!!! "
" တောင်းပန်ပါတယ် လူကြီးမင်း လူနာKim Miso က ဆေးရုံမှာလုံလုံခြုံခြုံရှိနေခဲ့တာပါ အဲ့ဖုန်းနံပါတ်ကိုလည်းကျွန်မတို့ဘတ်က တာဝန်ယူစုံစမ်းပေးပါ့မယ် "
Tae Hyungဆေးရုံရောက်တော့ Ommaက တကယ်ပဲလုံလုံခြုံခြုံရှိနေခဲ့ကာ သူ့အခန်းမှာသူ အေးဆေးသက်သာစွာရှိနေလျက်နဲ့ ပန်းချီတွေတောင် ထိုင်ဆွဲနေတာ...။ Omma အခန်းအပြင်မှာလည်း Tae Hyungတစ်ခါမှ မမြင်ဖူးတဲ့ လုံခြုံရေးအစောင့်တွေနဲ့မို့ သားဖြစ်တဲ့သူကိုယ်တိုင်တောင် ပြန်အံ့သြရသည်အထိ...။
Seok Jinဟာ သူ့Ommaအတွက် ဘယ်လောက်တောင်များ အလေးအနက်ထားလိုက်သလဲဆိုတာလည်း သူတကယ်မသိခဲ့ပြန်...။
Tae Hyung အပြေးအလွှားရောက်သွားတော့ ဆေးရုံကဝန်ထမ်းတွေအားလုံးက အူကြောင်ကြောင်နဲ့ သူမေးတာကိုအထူးအဆန်းတွေတောင် ဖြစ်နေကြသည်။
ဆေးရုံရုံးခန်းရောက်သွားသည်အထိ သူ့ဆီဖုန်းဆက်ခဲ့တဲ့ကိစ္စဟာ ဘယ်သူဆိုတာ အဖြေရှာမရတာမို့ ထိန်းမရအောင်ထွက်လာတဲ့ ဒေါသတွေဟာ ဘယ်သူ့အပေါ်ပုံချလို့ ပုံချရမှန်းမသိ...။
ဘယ်သူကဖုန်းဆက်ခဲ့တာလဲ... ။
Ommaက ခြေရာလက်ရာမပျက် လုံလုံခြုံခြုံရှိနေရဲ့သားနဲ့ ဘယ်သူကဒီလိုအထိတ်တလန့်မျိုးကို ဖန်တီးခဲ့တာလဲ...။
နောက်ပြောင်ကျီစားစရာမဟုတ်တဲ့ ကိစ္စတစ်ခုဟာ ရည်ရွယ်ချက်တစ်ခုခုမရှိပဲနဲ့ ဘယ်သူကဖုန်းဆက်မှာလဲ...။
ဘယ်သူကဘာဖြစ်ချင်တာလဲ...။
ESTÁS LEYENDO
သံယောဇဉ်အကျဥ်းသား (Taejin)
Fanficနမ်းလိုက်တိုင်း အဲ့နှုတ်ခမ်းတွေက ချိုနေတာသိပေမယ့်လည်း.... သူ့ရင်ဘတ်ထဲမှာ လာခါးသည်။ အရိုင်းဆန်တဲ့အထိအတွေ့တွေပါ ဆိုတာတောင်မှ နွံထဲမှာရုံးတဲ့နွားလို နစ်ပြီးရင်းနစ်နေတာ.... သွေးရူးသွေးတန်းထွက်ပြေးလိုက်တိုင်း ဒီရင်ခွင်ရှိရာ အရပ်ကိုပဲမျက်စိလည်ပြီး ပြန...