" Hello...Namjoon Hyung... "
'' ထယ်... ပြောလေ ဘာကိစ္စလဲ "
" ဟို... ဟိုလေ "
'' အင်း... ပြောလေ ဘာဖြစ်လို့လဲ "
''Kim Seok Jin နဲ့အတူရှိလား "
'' ကိုယ်ဒီနေ့ နယ်ဘတ်ရောက်နေတာ သူနဲ့မတွေ့ဖြစ်ဘူး နောက်ကျနေလို့ Seoulကို ဒီညပြန်မလာဖြစ်ဘူး ထယ် ဘာအရေးကြီးလို့လဲ "
Nam Joon အမေးကို ချက်ခြင်းမဖြေသေးပဲ ဖုန်းကိုကိုင်ထားရင် စဥ်းစားကာခေတ္တတိတ်ဆိတ်နေမိသည်။ နောက်ကျမယ်ပြောသွားသော်လည်း သူClub မသွားခင်တော့ ပြန်ရောက်လာစေချင်ကာ မျက်နှာလေးမြင်သွားချင်တာမို့ Seok Jinကို ဖုန်းဆက်ချင်သော်လည်း အခုထိသူတို့မှာ တစ်ယောက်ဖုန်းနံပါတ် တစ်ယောက်မှာ ရှိမနေတာကြောင့် Nam Joonကို လှမ်းဆက်လိုက်တာ သူဘယ်ကနေစပြောရမှန်းမသိခဲ့...။ Nam Joon နဲ့အတူမရှိနေဘူးဆိုလို့ စိတ်မချဖြစ်သွားသော မသိစိတ်ကနေ အများကြီးလည်း လျှောက်တွေးနေသည်။
" Hello... ထယ်...ထယ် ကြာလား "
'' aww... ကြားတယ် Hyung ကျွန်တော့်ကို Kim Seok Jin ဖုန်းနံပါတ်လေးပေးပါလား "
'' ဖုန်း.. နံပါတ်... အင်း အင်း မင်းတို့ခုထိဖုန်းနံပါတ်လေးတောင် မသိကြသေးဘူးလား အံ့သြစရာပဲ"
'' ကျွန်တော် Hyung ဆီက လှမ်းတောင်းတယ်လို့ မပြောနဲ့နော် ဒီတိုင်း... "
'' ဟ.. ဟ ~~ ဟုတ်ပါပြီ ငါ message ပို့လိုက်မယ် ထယ် ok ok "
'' Thank you Hyung... "
ဖုန်းထဲကလှောင်သံနည်းနည်းစွက်နေသော Nam Joon ရယ်သံတွေကြောင့် သူ့ကိုမမြင်ရပေမယ့်လည်း တစ်ယောက်တည်း ရှက်နေရသေးသည်။ တီ... ခနဲ ဝင်လာသော messageနဲ့အတူ ဖုန်းနံပါတ်လေးတစ်ခု...။
ဖုန်းနံပါတ်ဂဏန်းလေးတွေကို အပြန်ပြန်အလှန်လှန်ကြည့်ရင်း တစ်ခါတည်းအလွတ်ရတဲ့အထိမှတ်လိုက်ကာ ဘာရယ်မဟုတ်ပဲ Seok Jin ဖုန်းနံပါတ်လေးဆိုတာနဲ့တင် ရင်တွေက လာခုန်နေရသေးသည်။ တစ်နေရာလေးမှမကျန် အရာရာတိုင်းဟာ ဒီယောက်ကျားနဲ့ပတ်သတ်လာရင် Tae Hyung အတွက်တော့ အကုန်ရင်ခုန်စရာတွေချည်းပဲ...။
ဖုန်းနံပါတ်ကိုနှိပ်လိုက်ဖို့ လက်ကိုရွယ်ကာ ခေါ်ရကောင်းနိုးနိုး မခေါ်ရကောင်းနိုးနိုးနဲ့ တွေဝေနေပြန်သည်။ အနားမှာမရှိနေရင်တောင် မနေတတ်တော့ပဲ အသံလေးဖြစ်ဖြစ် ကြားချင်တာမို့ သာမန်ဖုန်းခေါ်လိုက်ရုံကိစ္စလေးတောင်မှ Tae Hyung မာနတွေက တကယ်ခက်ခက်ခဲခဲ...။
YOU ARE READING
သံယောဇဉ်အကျဥ်းသား (Taejin)
Fanfictionနမ်းလိုက်တိုင်း အဲ့နှုတ်ခမ်းတွေက ချိုနေတာသိပေမယ့်လည်း.... သူ့ရင်ဘတ်ထဲမှာ လာခါးသည်။ အရိုင်းဆန်တဲ့အထိအတွေ့တွေပါ ဆိုတာတောင်မှ နွံထဲမှာရုံးတဲ့နွားလို နစ်ပြီးရင်းနစ်နေတာ.... သွေးရူးသွေးတန်းထွက်ပြေးလိုက်တိုင်း ဒီရင်ခွင်ရှိရာ အရပ်ကိုပဲမျက်စိလည်ပြီး ပြန...