အပိုင်း (29)

1.5K 149 40
                                    

နူးညံ့ခြင်းအလျင်းမရှိတဲ့ အနမ်းတွေ...။

သိမ်မွေ့ခြင်းအလျင်းမရှိတဲ့ အထိအတွေ့တွေဟာ ခန္တာကိုယ်အနှံ့ တစ်နေရာပြီးတစ်နေရာကနေ နာနာကျင်ကျင် ပြင်းပြင်းရှရှ...။

ရင်တွေခုန်နေရမယ့်အစား နှလုံးသားကတဆစ်ဆစ်နဲ့နာ...။
သာယာလှိုက်မောနေရမယ့်နေရာမှာ ထိတ်လန့်တုန်လှုပ်ခြင်းတွေကသာ အစားထိုးနေရာယူထားသည်။

အသက်ရှူသံတွေပြင်းပြင်းတွေနဲ့အတူ ခန္တာကိုယ်အနှံ့အပြားကို လွန်ကျူးလာသော Tae Hyungနှုတ်ခမ်းတွေအောက်မှာ Seok Jinတစ်ကိုယ်လုံးဟာ နီခနဲ...ရဲခနဲ...။

"ဖယ်တော့ မလုပ်ပါနဲ့တော့~~"

" ခင်များက ကျွန်တော့်အပိုင်ပဲ Kim Seok Jin "

အနားနားတစ်ခါကပ်ပြောရင် လည်ပင်းနဲ့ရင်ဘတ်ကိုတစ်ခါမက အကြိမ်မရေတွက်နိုင်အောင်ကိုက်သည်။ အကိုက်ခံရတဲ့နေရာတွေမှာ နာကျင်မှုအပေါ်နာကျင်ခြင်းတွေသာ ထပ်ခါထပ်ခါမို့ ဘယ်နေရာကပိုနာလို့ နာမှန်းတောင်မသိတော့ပဲ တစ်ကိုယ်လုံးဟာအထိမခံနိုင်တော့...။

" ငါတကယ်ကိုနာ.... အာ့ "

အသနားခံတောင်းပန်ဖို့ အခွင့်အရေးမရှိ...။
တင်းတင်းကျပ်ကျပ်ချည်နှောင်ခံထားရတဲ့ လက်နှစ်ဖတ်ဟာ ဘယ်လိုအနေအထားမျိုးကိုမှ ရုံးကန်လှုပ်ရှားဖို့အခွင့်အရေးမရရှိ...။

နာနာကျင်ကျင်အော်ဟစ်ပစ်လိုက်ဖို့တောင် အခွင့်အရေးမရှိအောင်ပဲ Tae Hyungဟာ သူ့နှုတ်ခမ်းတွေကို စက္ကန့်ပိုင်းလေးတောင် အလွတ်မပေးခဲ့တာမို့ ဘယ်လောက်နာကျင်ရကြောင်း ဖော်ပြနိုင်ဖို့နည်းလမ်းဟာ ပါးပေါ်စီးကျလာတဲ့ မျက်ရည်တွေသာ...။

" ငိုနေတာလား "

"ဖယ်ပါတော့ ~~ "

ချည်နှောင်ခံထားရတဲ့လက်တွေနဲ့ Tae Hyungရင်ဘတ်ကို ရသလောက်ထုရိုက်ရင်းငိုတော့ လက်နှစ်ဖတ်လုံးကို Tae Hyungက ပြန်ထိန်းချုပ်ပစ်လိုက်ရင်း မျက်နှာလွဲလိုက်ပစ်လိုက်တာဟာ သူပါငိုနေခဲ့တာကို Seok Jinမြင်သွားမှာမလိုလားလို့...။

အက်ကွဲရုံသာမက ကြေမွပြီးတစ်စဆီဖြစ်နေတဲ့ Tae Hyungနှလုံးသားတွေဟာ Seok Jinတစ်ခါငိုလိုက်တိုင်း တစ်ခါအသက်ရှူရပ်တန့်သွားချင်နေခဲ့တာ...။
ရုံးကန်မှာဆိုးလို့ သူ့အနားကနေထွက်ပြေးသွားမှာစိုးလို့ အနိုင်ကျင့်ချုပ်နှောင်ထားတဲ့ လက်တွေကိုပြန်ကြည့်မိတော့ သူ့နှလုံးသားကိုပါ ရောပြီးအချည်ခံထားရတဲ့အတိုင်း တင်းတင်းကျပ်ကျပ်...။

သံယောဇဉ်အကျဥ်းသား (Taejin)Donde viven las historias. Descúbrelo ahora