အပိုင်း (7)

1.6K 178 33
                                    

အနေအထားမကျသော အိပ်ပျော်မှုမျိုးကနေနိုးလာတာမို့ ဇတ်တွေနာနေကာ အရိုက်ခံထားရသော မျက်နှာတစ်ခြမ်းကလည်းနာနေသည်။

နေရောင်ခြည်စူးခနဲ တန်းဝင်လာကာ သက်တောင့်သက်သာရှိသော အနေအထားမဟုတ်တာကြောင့် ပတ်ဝန်းကျင်ကို ကြည့်မိတော့ Kim Tae Hyung ရဲ့ကားထဲမှာ....။

အိပ်ပျော်သွားလိုက်တာ မနက်အထိပဲ... မနှိုးသွားပဲ ကားထဲမှာ တညလုံး ဒီတိုင်းထားပစ်ခဲ့တာလား အဆိုးကောင်ရယ်။

မထူးဆန်းပါဘူး Kim Tae Hyung ပဲဟာ... သူ့အပေါ်မှာ တခုခုလေးတော့လုပ်ပြရမှလေ။

ကားပေါ်ကဆင်းပြီးအိမ်ထဲက ထမင်းစားခန်းဆီအရောက်မှာတော့ အိပ်ချင်နေသေးသော သူ့မျက်လုံးတွေဝိုင်းစက်သွားရသည်။

T Shirt over size အညိုရောင်လေးရယ် ဒူးအတိဘောင်းဘီတိုလေးရယ် ခေါင်းမဖီးထားတဲ့ဆံပင်ပွပွလေးတွေနဲ့ ကောင်လေးဟာ ဟိုရှာဒီရှာနဲ့ စားပွဲပေါ်မှာမုန့်တွေတင်နေတဲ့ မြင်ကွင်းက လုံးဝကို အထူးအဆန်းပါပဲ..။

ထမင်းစားခန်းထဲ ဝင်လာဖို့မပြောနဲ့ အခန်းထဲကအပြင်တောင်မထွက် မျက်နှာချင်းတောင်မဆိုင်တဲ့သူက တွေ့လိုက်တိုင်းတောက်တောက်ပပ အပြင်အဆင်တွေနဲ့သာ အချိိန်တိုင်းSmart ကျသော Tae Hyung ရဲ့ ကလေးကလားပုံစံနဲ့ စုတ်တိစုတ်ဖွားလေးကို မမြင်ဖူးတာမို့ ငေးကြည့်မိပြီးအသံမပေးပဲ အခန်းရှိရာအပေါ်ထပ်ကို တတ်လာခဲ့မိသည်။

တစ်ခါတလေ လွတ်လွတ်လပ်လပ် နေနေတာလေးမို့ သူ့ကိုမြင်ရင်စိတ်ရှုပ်သွားမှာစိုးတာကြောင့် အနှောက်မယှက်မပေးချင်ခဲ့ ..။

ရေမိုးချိုးအဝတ်အစားလဲပြီး တစ်ညလုံးအားမသွင်းရလို့ စက်ပိတ်သွားသောဖုန်းကိုအားသွင်းထားလိုက်ရင်း အလုပ်စလုပ်ရန် lap top ကိုဖွင့်ထားလိုက်သည်။

တစ်ညလုံးဝင်ဝင်လာတဲ့ Ph call တွေကို နားညီးလို့ သူ့ဖုန်းကို Tae Hyung က Power Off လိုက်တာကို မသိရှာ.....။

'' Director ကျွန်မကိုအကြောင်းပြန်ပါဦး... "

" Mr.Kim ကျွန်တော်တို့ ဒီ project ကိုတခြားသူနဲ့ အပ်လိုက်တော့မယ် "

" Jin ရေ... ငါအခုအိမ်လာခဲ့မလို့ မင်းဖုန်းကိုတစ်ညလုံး ဆက်မရဘူး ဒီမှာ နည်းနည်းကွိုင်နေပြီ "

သံယောဇဉ်အကျဥ်းသား (Taejin)Where stories live. Discover now