'' သားလေးက အန်တီပြောရင် ဘယ်တော့မှမငြင်းဘူး
Jin က သိပ်လိမ္မာတဲ့ကလေးမို့ Yuri လေးကိုလည်း လက်ခံပေးမှာပါ "Tae Hyung အိမ်ထဲဝင်လာတာနဲ့ ကျောပေးကာ ဖုန်းပြောနေသူဆီက ထွက်လာတဲ့ အသံတွေကြောင့် ခြေလှမ်းတွေတုံ့ခနဲ...။
Seok Jin ကိုစောင့်မျှော်နေခဲ့သော်လည်း ရောက်မလာတဲ့အခါ သူရှိရာအရိပ်လေးဆီပဲ ကိုယ်ကပြန်လာပေးရတာပဲ..။
မတွေ့ဖြစ်လိုက်တဲ့ အခိုက်အတန့် တစ်ညလေးတောင် သူမနေတတ်ခဲ့....။
" ရည်းစားတောင် မရှိပါဘူးကွယ် အလုပ်တွေထဲပဲ ခေါင်းစိုက်နေရတာ အချိန်မရှိဘူး ရည်းစားရှိလည်းဘာအရေးလဲ ရည်စားရှိတိုင်း လက်ထပ်ကြရမှာမှ မဟုတ်တာ Jin လက်ထပ်ရမယ့်သူက Yuri လို့အန်တီက သတ်မှတ်ထားပြီးသားမို့လို့ သားရဲ့ အိမ်ထောင်ဖတ်က Yuri ကလွဲလို့ ဘယ်သူမှဖြစ်ခွင့်မရှိဘူး .... ဒါဆို Dinner ကိစ္စကို Confirm တယ်လို့ သတ်မှတ်လိုက်မယ်နော် Jin ကမေးစရာမလိုဘူး အန်တီ့သား အန်တီပိုင်တယ် "
မသိချင်ယောင်ဆောင်ကာ ကျောခိုင်းသွားတော့မယ့် ခြေလှမ်းတွေသည် Seok Jin ရဲ့ အိမ်ထောင်ဖတ်ဆိုတဲ့ စကားကြားတော့ သွေးတွေအားလုံး ပြောင်းပြန်စီးဆင်းသွားသလို ထူပူထုံကျင်သွားကာ နှုတ်ခမ်းကိုဖိကိုက်မိလိုက်သည်။
မတွေးထားခဲ့ဖူးသော အစိမ်းသက်သက်စကားတစ်ခွန်းလေးဟာ Seok Jin အိမ်ထောင်ဖတ် ဆိုတာနဲ့တင် ရင်ကိုလာပြီးထိရှသည်။
Seok Jin အိမ်ထောင်ဖတ်ဆိုပြီး ဘယ်မိန်းမကိုသတ်မှတ်ရဲနေတာလဲ...အကြောက်အလန့်မရှိလိုက်တာ...။
" ခွမ်း "
ဧည့်ခန်းထဲအလှထားထားသော အိမ်အဝင်ဝက ဖန်ပန်းအိုး လှလှလေးကို မကွဲကွဲအောင်တမင်တကာ တိုက်ချပစ်လိုက်တော့ အသံကြားရာဆီသို လှည့်ကြည့်လာသော Seok Jin မာမီ မျက်လုံးတွေက Tae Hyung ကိုမြင်တာနဲ့ မလုံမလဲ ဖြစ်သွားကာ ဖုန်းကိုကမန်းကတမ်းချပစ်ပြီး သူ့ရှေ့ကိုအပြေးအလွှားရောက်လာသည်။
" မတော်တဆ တိုက်မိသွားတာ မဟုတ်ဘူး ဧည့်ခန်းထဲမှာ ကျက်သရေတုံးလို့ ဖျက်စီးပစ်လိုက်တာ "
" နင် ဘာမှဖြစ်မသွားသေးဘူးပဲ... "
" အဖြစ်မှမရှိတာ ဖြစ်စရာလား ဒီလောက်လေးနဲ့"
YOU ARE READING
သံယောဇဉ်အကျဥ်းသား (Taejin)
Fanfictionနမ်းလိုက်တိုင်း အဲ့နှုတ်ခမ်းတွေက ချိုနေတာသိပေမယ့်လည်း.... သူ့ရင်ဘတ်ထဲမှာ လာခါးသည်။ အရိုင်းဆန်တဲ့အထိအတွေ့တွေပါ ဆိုတာတောင်မှ နွံထဲမှာရုံးတဲ့နွားလို နစ်ပြီးရင်းနစ်နေတာ.... သွေးရူးသွေးတန်းထွက်ပြေးလိုက်တိုင်း ဒီရင်ခွင်ရှိရာ အရပ်ကိုပဲမျက်စိလည်ပြီး ပြန...