မင်္ဂလာပွဲလေးအပြီး ထပ်ဆက်ခဲ့တဲ့ပွဲလေးသည် သူတို့နှစ်ယောက်ရဲ့ Dinner Party ။
ရှန်ပိန်တွေ wineတွေ သစ်သီးတွေနဲ့ပြည့်သျှံနေပြီး မီးရောင်လှလှလေးတွေနဲ့ အသက်ဝင်နေတဲ့ရောင်စုံညလေးသည် မင်္ဂလာဆောင်ရာ Hotel ရဲ့ pool side (ရေကူးကန်အကျယ်ကြီး) ရှိတဲ့ဘတ်ဆီ...။
Seok Jinပုခုံးကိုဖတ်ကာလိုက်ဧည့်ခံရင်း တစ်ဝိုင်းဝင်တစ်ဝိုင်းထွက် လိုက်သောက်ခဲ့သည့် wineတွေသည် ဘယ်နှခွက်မြောက်မှန်းပင်မသိ...။
Tae Hyungကအပျော်လွန်နေပြီး သူတို့Partyလေးသည်လည်း ရယ်မောသံသဲ့သဲ့လေးတွေနဲ့သာ ပြည့်နှက်ညိမ့်ညောင်းနေသည်။
" Dinnerကလည်း လူကြီးတွေ စီးပွားရေးသမားတွေချည်းပဲ ရှိန်လိုက်တာ.. သူတို့မပြန်မချင်းငါတို့က ဘယ်လိုကဲရမှာလဲ ဟိတ်ကောင်ရဲ့"
သူတို့အားလုံး တစ်ဝိုင်းတည်းမှာအတူတူ ထိုင်သောက်နေကြရင်းမှ Jiminနဲ့ Tae Hyungက ရေကူးကန်အစပ်နားဆင်းထိုင်ကာ ခြေထောက်ကိုတွဲလောင်းချထားကြရင်း Partyလေးကို လှမ်းကြည့်ပြီး Jiminက Tae Hyungကို စပြီးရစ်သည်။
" ငါ့ Dinnerမှာ မင်းတို့ဘယ်သူ့ကိုမှ ဂရုစိုက်နေစရာမလိုဘူး... အဆင်ပြေသလိုသာကဲ Jiminnie... မင်းတို့အကြိုက်ပဲ"
" ငါတို့ကောင်တွေချည်းပဲဆို ပိုပျော်ဖို့ကောင်းမှန်းသိရဲ့သားနဲ့ ကျောင်းကကောင်တွေ ငါတို့Clubတွေကို Sponcerပေးနေကျ ဘောစိတွေလည်း အများကြီးရှိရဲ့သားနဲ့ မင်းဘတ်က partanerတွေကျတော့ ဘာလို့ဒီလိုပွဲကိုမဖိတ်တာလဲ "
Kim Groupနဲ့အရင်းနှီးဆုံး ရှယ်ယာရှင်လူကြီးလူကောင်းတစ်ချို့နဲ့ Dr.Hobiကိုသာ မင်္ဂလာပွဲဖိတ်ကြားခဲ့ပြီး Tae Hyung ဘတ်ကတော့ မင်္ဂလာပွဲရော Dinner Partyရောမှာ Jiminနဲ့ Jungkookကလွဲရင် ဘယ်သူ့ကိုမှ ဖိတ်ကြားခဲ့ခြင်းမရှိ...။
YOU ARE READING
သံယောဇဉ်အကျဥ်းသား (Taejin)
Fanfictionနမ်းလိုက်တိုင်း အဲ့နှုတ်ခမ်းတွေက ချိုနေတာသိပေမယ့်လည်း.... သူ့ရင်ဘတ်ထဲမှာ လာခါးသည်။ အရိုင်းဆန်တဲ့အထိအတွေ့တွေပါ ဆိုတာတောင်မှ နွံထဲမှာရုံးတဲ့နွားလို နစ်ပြီးရင်းနစ်နေတာ.... သွေးရူးသွေးတန်းထွက်ပြေးလိုက်တိုင်း ဒီရင်ခွင်ရှိရာ အရပ်ကိုပဲမျက်စိလည်ပြီး ပြန...