အပိုင်း (39)

1.1K 108 16
                                    

" Hyung ရေ ~ "

" နိုးပြီလား "

" အွမ်း... အနားကနေ ပျောက်သွားလို့လိုက်ရှာနေတာ "

" မင်းနိုးလာရင် ဗိုက်ဆာနေမှာစိုးလို့ မနက်စာ ထလုပ်ပေးနေတာ "

"ဒီလောက်ပင်ပန်းနေရတာကို ကိုယ်တိုင်မလုပ်ပေးလည်းရပါတယ် အခုအဆင်ပြေရဲ့လား... Hyungကိုစိတ်ပူနေလို့ အိပ်လို့တောင်မရဘူး ညက ... Hyungနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားမှ လိုက်အိပ်ရဲတာ "

ဟင်းချက်နေတဲ့အိုးလေးကို ဘေးချလိုက်ပြီး Tae Hyungအတွက် စတော်ဘယ်ရီလေးတွေရေဆေးနေတဲ့ Seok Jinခါးလေးကို အနောက်ကနေအသာအယာလေး ဖတ်လိုက်တော့ Seok Jinက စတော်ဘယ်ရီလေးတစ်လုံးကို ပါးစပ်ထဲထည့်ပေးသည်။

သင်းပျံ့ပျံ့မွှေးရနံ့လေးတွေ အမြဲရနေတတ်တဲ့ ဆံပင်စလေးတွေနဲ့ လည်ပင်းလေးကတော့ နောက်ကနေ Seok Jinကိုဖတ်တဲ့အခါတိုင်း မနမ်းမဖြစ်ပေါ့...။

" Hyungကိုလိုက်မပို့နဲ့တော့ ပြန်အိပ်နေလေ ဒီနေ့meetingရှိလို့ Hyungကတော့ company သွားမှရမယ်  "

" လိုက်ပို့မှာ... ! လိုက်ပို့ပြီး Hyungအခန်းထဲမှာစောင့်ရင်း ပြန်အိပ်မယ်... Hyungကိုစိတ်မချလို့ တစ်ယောက်တည်းဘယ်မှကို မလွှတ်ချင်ပါဘူး ... အဲ့နေ့ကသာ ကျွန်တော်မပါရင် ဘယ်လိုများလုပ်မလဲ.. ကျွန်တော်လေ Hyungတခုခုထပ်ဖြစ်မှာ တကယ်ကြောက်တယ် "

" မင်းပင်ပန်းရမှာ မင်းစိတ်ဆင်းရဲရမှာ မင်းမပျော်ရွှင်ရမှာ မင်းမျက်နှာတစ်ချက်ပျက်မှာကို ငါကပိုကြောက်တယ် "

ရေဆေးပြီးသွားတဲ့ စတော်ဘယ်ရီပန်းကန်ကို စားပေါ်ပွဲလှည့်တင်တော့လည်း Tae Hyungက ခါးကိုဖတ်ထားလျက်နဲ့ပဲ Seok Jinနောက်ကနေ ဖတ်လျက်ပါလာသည်။

အတူတူရှိနေတဲ့အချိန်တိုင်းမှာ စကားလေးပဲပြောနေရင်တောင်မှ နှစ်ယောက်ကြားမှာ skinshipလေးတစ်ခုခုရှိနေမှ... အဲ့သလောက်ထိ ချစ်တာ...။

စားပွဲပေါ်ပန်းကန်လေးချအပြီးမှာ သူ့ခါးပေါ်က Tae Hyungလက်တွေကို Seok Jinကပြန်ပြီး အုပ်မိုးဆုတ်ကိုင်လိုက်ရင်း Tae Hyungပါးကိုလှည့်နမ်းတော့ Seok Jinခါးလေးကို တင်းတင်းကျပ်ကျပ်ပြန်ပြီး အညှစ်ခံလိုက်ရသည်။

သံယောဇဉ်အကျဥ်းသား (Taejin)Donde viven las historias. Descúbrelo ahora