Intro

9.7K 192 17
                                    

Scroll down for Unicode👇

----------------------------------
Zawgyi

"White..Todဘယ်မှာလဲ?"

ကျွန်တော့်ရဲ့အတွေးကို နှိုးထစေလိုက်သောအသံတစ်ခုကြောင့် ထိုအရပ်ရှည်ရှည်နဲ့ ချစ်စရာကောင်းတဲ့မျက်နှာထားကို ပိုင်ဆိုင်ထားသူ အသံပိုင်ရှင်ကို လှည့်ကြည့်လိုက်သည်။အဲ့သူကတော့ Ta။အခု သူအော်မေးလိုက်တဲ့နာမည်ပိုင်ရှင်ကတော့ အဖွဲ့ထဲကအရင်းနှီးဆုံးသူငယ်ချင်းနောက်တစ်ယောက် Tod။

ကျွန်တော်တို့က လူသိများနာမည်ကြီးတဲ့ တက္ကသိုလ်Aမှာတက်ရောက်နေကြတဲ့ Third yearကျောင်းသားတွေ...။ဗိသုကာဌာနကမလို့ အရမ်းပင်ပန်းတယ်၊အချိန်မအားလပ်ဘူး၊တစ်ခြားသူတွေနဲ့ သူငယ်ချင်းဖွဲ့ဖို့လည်းအချိန်မရှိဘူး၊ဒါကြောင့် အပန်းဖြေဖို့ဒီနတ်ဆိုးလေးတွေအချင်းချင်းဘဲ တပူးပူးတတွဲတွဲရှိကြတယ်။

"အဲ့ကောင် ခုထိမလာသေးဘူး ငါမနေ့က သူ့ဆီကို
ဆယ်ခေါက်လောက်ဖုန်းဆက်တယ်...မကိုင်ဘူး"

ကျွန်တော်မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။မကျေနပ်ရတဲ့အကြောင်းအရင်းရဲ့ အဓိကတော့ အခုသူ့ရဲ့သူငယ်ချင်းTodနဲ့တွေ့ချင်သည်။ ဒါပမယ့် ခုမေးချင်တာက
"Todကဘယ်မှာလဲ...."ဆိုတာဘဲ။

ကျွန်တော့်နာမည်က White။ထူးချွန်တဲ့ သာမာန်ကျောင်းသားလေးတစ်ယောက်။မျက်နှာကတော့ အရမ်းကြီးမချောရင်တောင် ပုံမှန်ပါဘဲ။ဒါပမယ့် အရပ်ကတော့ အသက်၁၅နှစ်တည်းက Ta နဲ့ Todတို့ထက် ပိုပုတယ်။

နောက်ပြီး ကျွန်တော်က တစ်ဦးတည်းသောသားမဟုတ်ဘူး။Blackလို့ခေါ်တဲ့ ၃မိနစ်ခြားအမွှာအစ်ကိုတစ်ယောက်ရှိသေးတယ်။

လွန်ခဲ့တဲ့ဆယ့်ငါးနှစ်တည်းက ကျွန်တော်တို့မိဘတွေက အချင်းချင်း ကွာရှင်းခဲ့ကြတယ်လေ။အဲ့အချိန်တုန်းက ကျွန်တော်တို့အသက်က ၁၅နှစ်ဘဲရှိသေးတာ။ကျွန်တော်က"Phâaw"နဲ့အတူကျန်ခဲ့ပြီး Blackကတော့ Maeနဲ့အတူလိုက်ပါသွားခဲ့တယ်။ဒါကြောင့် ကျွန်တော်တို့နှစ်ယောက် နေထိုင်ခဲ့ရတဲ့ဘဝနှစ်ခုက လုံးဝကိုမတူညီပေ။"Phâaw"က သူဋ္ဌေးတစ်ယောက်မလို့ ကျွန်တော့်ဘဝကအေးအေးဆေးနဲ့ ကျောင်းကောင်းကောင်းမှာ စာသင်ခဲ့ရတယ်။မတူညီစွာဘဲ Blackကတော့ Maeအရင်တုန်းက က Phâawနဲ့ အိမ်ထောင်မကျခင်နေခဲ့‌တဲ့ ဆင်းရဲသားရပ်ကွက်လေးမှာပဲ ပြန်နေခဲ့ကြတယ်။ပြီးတော့ Maeက ကျွန်တော်တို့ဆီက တခြားဘာထောက်ပံ့ကြေး၊အကူအညီတွေကိုမှလည်း လက်မခံခဲ့ဘူး။အခု Blackက ထူထပ်ရှုပ်ထွေးတဲ့
ပြည်နယ်ကျေးရွာလေးရဲ့တက္ကသိုလ်Bမှာ ပညာသင်ယူနေတယ်။ဒါပေမဲ့ တစ်နေ့လုံး ရန်ပွဲတွေနဲ့ဘဲ ဆူညံသောင်းကျန်းနေတာကြောင့် စာနဲ့ပက်သက်ပြီးတောင် စိတ်ပူပန်နေရတယ်။

Not Me{Myanmar Translation}Where stories live. Discover now