Chapter 15(1/2)

1.2K 114 23
                                    

Zawgyi

//အဲ့တာက ဒီလောက်လည်းမကွဲပြားပါဘူး//

"မင်း တခြားလူတွေကျ စိတ်လျော့ခိုင်းပြီး မင်းကိုယ်တိုင်ကျ ဘယ်လိုတွေလုပ်နေလဲ ကိုယ့်ဘာကိုယ်ပြန်ကြည့်စမ်း"
Yokကပြောပြီး Gramခေါင်းကို လှမ်းတီးလိုက်သည်။

"အ့!!ဟေ့ကောင်! နာတယ်ကွ!"

"မှန်မှန်ကန်ကန် မောင်းစမ်းပါ...ငါ တခြားယာဉ်မောင်းတွေနဲ့ ရန်ဖြစ်ရင်း အဆုံးမသတ်ချင်ဘူး!"

စောစောကSean နဲ့ ရန်ဖြစ်တာကိုကျတော့ Yokတစ်ယောက် ဘာလို့ အဲ့လို မတွေးပါလိမ့်?။

“Sean ငါ့ကိုလွှတ်လို့ရပြီ"

ကျွန်တော် ဘေးနားကလူကိုလှမ်းပြောရသေးသည်။ သူ ကျွန်တော့်ကို ပွေ့ဖက်ထားတာ တော်တော်ကိုကြာနေပြီ။ အခုလည်း Gramက ပုံမှန်အတိုင်းပြန်မောင်းနေပြီဆိုတော့ သူဖက်ထားစရာမလိုတော့ဘူးလေ။

"ငါ့ကိုရော ဒီတိုင်းလေးဘဲလွှတ်ထားလို့မရဘူးလား?"
သူက ပြန်မေးလာသည်။

"မရဘူး"
ကျွန်တော်ပြောပြီး သူ့ကိုမျက်စောင်းထိုးလိုက်သည်။

"စောစောက ဘာပြချင်တာလဲ?ငါ ကြည့်ချင်တယ်"

"အိုး...တကယ်?တကယ်?"

စောစောက ကျွန်တော်ပြချင်တာကို သူတကယ်စိတ်မဝင်စားဘူးဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော် သူစိတ်အနှောင့်အယှက်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ရွဲ့ပြောလိုက်ပေမယ့် သူကတော့ကျွန်တော့်ကို မလွှတ်ပေးခဲ့ပေ။

"အင်းလေ!"
Seanက ကျွန်တော့်ကို ပြုံးပြလာသည်။

"မင်းလုပ်ရပ်တွေက စကျင်ကျောက်ကြမ်းပြင်ထက်တောင် ပိုချောမွေ့တယ်..." ကျွန်တော် သူ့ကိုဘုကန့်လန့်နဲ့ ပြန်ပြောလိုက်သည်။

"ဟုတ်!"
သူကလည်း ကျွန်တော့်ကို ပြုံးပြရင်း ပြန်ဖြေသည်။

“လွှတ်...”

ကျွန်တော်ပြောပြီး လက်ကိုသုံးကာ သူ့ကိုဖွဖွလေး လှမ်းပုတ်လိုက်သည်။နောက်ဆုံးတော့ သူက ရယ်ပြီး သူ့လက်တစ်ဖက်ကို လွှတ်ပေးလာပေမယ့် နောက်တစ်ဖက်ကတော့ ကျွန်တော့်ခါးကိုတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲပင်...။

Not Me{Myanmar Translation}Where stories live. Discover now