Chapter 20(1/2)

1.3K 98 16
                                    

Scroll down for univode
----------------------
Zawgyi

"ဒါက ဘာ...ဘာကိုဆိုလိုတာလဲ Sean?"
ကျွန်တော်မျက်လုံးတွေ ပြူးကျယ်နေရပြီ။ ကျွန်တော်မလာခင် Seanသာ Yokနဲ့Gramတို့ရဲ့စကားကိုသဘောတူခဲ့ရင်တော့ သူက ဒီကမ္ဘာပေါ်မှာအထူးဆန်းဆုံးလူပဲ။

"ကိုယ်မင်းကို ရှင်းပြမယ်နော်...မင်းတို့အိမ်အရင်ပြန်နှင့်ကြ နောက်မှ ကျောင်းဝင်းမှာတွေ့မယ်" ကျွန်တော် အရာအားလုံးကို နားမလည်နိုင်ဖြစ်နေစဉ်အတွင်းမှာပင် Seanက YOKနဲ့GRAMတို့ကို လှမ်းပြောလိုက်သည်။

"အေး"YOKက ပြန်ဖြေသည်။

"မင်းနှလုံးသားလေးအတွက်ကြိုတင်ပြင်ဆင်ထားတာ ပိုကောင်းမယ်"GRAMက YOKနဲ့အတူလျှောက်သွားရင်း ကျွန်တော့်မျက်နှာကို လက်ညှိုးထိုးကာပြောသည်။

ကျွန်တော် မျက်မှောင်ကြုံ့ပြီး Seanကိုလှည့်ကြည့်မိသည်။

"တစ်ခြားလူတွေ ငါ့ကိုဒီလိုစနောက်တာကို မင်းကဒီတိုင်းလွှတ်ထားတယ်? ကြည့်ရတာ မင်းရဲ့သွေးထဲက သဝန်တိုတတ်တဲ့အတိုင်းအတာက zeroဖြစ်သွားပြီထင်တယ်...ဟုတ်လား?"

"အိုခေ...ခဏလေးနော် ဘာတွေဖြစ်နေလဲဆိုတာ SEANအကုန်ရှင်းပြမယ် Seanရှင်းပြပြီးရင် Whiteလည်းဘာလို့Gumphaနဲ့အတူရှိနေလည်းဆိုတာ ရှင်းပြရမယ်...အဲ့ဒါကဘာမှမဆိုင်ရင်တောင် ကိုယ့်ကိုရှင်းရှင်းလင်းလင်းရှင်းပြရမယ်"

"ဘာ?မင်းရူးနေပြီလား!"
ကျွန်တော့်တုံ့ပြန်မှုက အနည်းငယ်အဆင်မပြေသော်လည်း Seanကလုံးဝ ဂရုမစိုက်ပါ။ သူက ကျွန်တော့်ကို အခန်းထဲကို အေးအေးဆေးဆေးဆွဲခေါ်လာပြီး နည်းနည်းလေးမှ နောက်ပြောင်ခြင်းမပြုဘဲ လေးနက်တဲ့မျက်နှာဖြင့်။ကျွန်တော့်ကို မပြောနဲ့နော်!သူလက်ခံခဲ့တယ်လို့!။ Seanနဲ့ကျွန်တော် နှစ်ယောက်လုံး အခန်းထဲရောက်တဲ့အချိန်မှာတော့ ထိုအရပ်ရှည်တဲ့အမျိုးသားက သူ့ဦးထုပ်ကို ချွတ်လိုက်တာကြောင့် ကျွန်တော်ဝမ်းနည်းပြီးနာကျင်တဲ့ခံစားချက်ကို ခံစားလိုက်ရသည်။ Seanရဲ့မျက်နှာမှာ ဒဏ်ရာတွေအများကြီးမြင်လိုက်ရတာကြောင့် ကျွန်တော်ထပြီး သူ့ပါးပြင်ကိုညင်သာစွာထိကြည့်ဖို့ လက်ကိုမြှောက်လိုက်သည်။

Not Me{Myanmar Translation}Where stories live. Discover now