Chapter 19(2/2)

1.2K 83 17
                                    

Zawgyi

~GRAM POV~

"တောက် Yok! ဒါ မင်းငါ့ကိုပြောခဲ့သလိုလည်းမဟုတ်ဘူး...Yojinနဲ့ပေါင်းပြီး ဘယ်လိုလုပ်တောင် ဒီလိုလုပ်ရက်တာလဲ!"

Yokကို မကျိန်ဆဲဘဲ ကျွန်တော်မနေနိုင်တော့ဘူး။ ရိုးရိုးသားသားပြောရရင် Yokနဲ့ကျွန်တော်ဘာမှမပူးပေါင်းခဲ့ပါဘူး။ သူတစ်ခုခုလုပ်ဖို့ကြိုးစားနေတယ်ဆိုတာသာ ကျွန်တော်သိခဲ့ပြီး Seanနဲ့Blackကို မပြောခဲ့တာပဲရှိတာ။Yokက သူကြီးကြီးမားမား ဘာတစ်ခုမှမလုပ်ပါဘူးဟုလည်း ပြောခဲ့လို့လေ။ Yojinက Blackကိုလာပွေ့ဖက်မယ် ဒီလောက်ပါပဲဆိုပြီး ကျွန်တော့်ကိုပြောခဲ့တာ။ ခုဖြစ်ပျက်ခဲ့တာတွေအားလုံးအတွက် Yojinတစ်ယောက် Ratchada Theatreမှာ သူတို့လေ့ကျင့်ခဲ့တဲ့အတိုင်း သေချာကိုခက်ခက်ခဲခဲသရုပ်ဆောင်ခဲ့တယ်လို့ ခန့်မှန်းမိသည်။မဟုတ်ရင် Blackက Yokကို ဒီလောက်ထိစိတ်ဆိုးသွားမှာ မဟုတ်ဘူး။

(T/N- Ratchada Theatreက ဘန်ကောက်ရှိ နာမည်ကြီး ပြဇာတ်ရုံတစ်ခုဖြစ်ပြီး ရောယှက်ဖျော်ဖြေမှုများ ပြုလုပ်လေ့ရှိသည်)

Seanကလည်း သူရဲ့သည်းခံနိုင်မှု ကုန်ဆုံးသွားပြီး ဘယ်ကိုသွားနေမှန်းမသိ တက္ကသိုလ်ထဲက ကားမောင်းထွက်သွားသည်လေ။

"ငါ မင်းတို့ကစားပွဲမှာ ဆက်မပါနိုင်တော့ဘူး...အခုBlackက သေလုနီးပါးဖြစ်သွားတာ... သူ့ကိုနာကျင်အောင် ငါဘယ်လိုလုပ် လုပ်နိုင်မှာလဲ သူ့ကိုဒဏ်ရာရအောင် ငါဘယ်လို လုပ်ရက်မှာလဲ!" ကျွန်တော်အော်လိုက်ပေမယ့် Yokကတော့ဘာမှမခံစားရသလို မျက်နှာသေအမူအရာဖြင့် ထိန်းထားစဲပင်။

"ဒါပေမယ့် ဒီလိုအဆုံးသတ်ရတာကို ငါကတော့သဘောကျတယ်"

"မင်းက လူယုတ်မာပဲ!! ဟက်...ငါ့မှာ ဘယ်လိုလုပ် ဒီလိုသူငယ်ချင်းယုတ်မျိုး ရှိနေရတာလဲ!! မင်းနဲ့ ဘယ်လိုပဲပေါင်းခဲ့ပါစေ မင်းရဲ့အတွေးတွေကို ငါနားမလည်နိုင်ခဲ့ဘူး!"

"ဒါက အမှန်ပဲလား?"

"Blackက မင်းကိုအရမ်းမုန်းနေတယ်လို့ မင်းထင်နေတာလား? သူက လူကောင်းတစ်ယောက်မဟုတ်ဘူးလား?မင်း သူ့ကို Seanနဲ့လမ်းခွဲစေချင်တာလား" ကျွန်တော် သူ့ကိုမေးမိသည်။

Not Me{Myanmar Translation}Where stories live. Discover now