Chapter 17(1/2)

1.1K 103 16
                                    

Zawgyi

//ကျွန်တော့်မိန်းမက ကျွန်တော့်သူငယ်ချင်းရဲ့မိန်းမနဲ့မတူဘူး//

Yokက ဘာမှပြန်မပြောဘဲ P'Dan ကိုသာ တိတ်တဆိတ်ကြည့်နေသည်။ P'Danက သူ့မျက်နှာမှာပြုံးနေပေမယ့် ဒီအပြုံးက အစစ်မဟုတ်ဘူးဆိုတာ ကျွန်တော်အတပ်ပြောနိုင်တယ်။

"ငါ့ကို ထုတ်မပြောစေချင်ဘူးမလား ဟမ်?"

"ဘာကြောင့်လဲဆိုတော့ ငါပြောလိုက်တာနဲ့ မင်းဘဝပြီးပြီလေ ကဲ ဒီနေ့ပဲ ဒီမှာအဆုံးသတ်လိုက်ရအောင်"

P'Danပြောတာတွေကို ကျွန်တော်တစ်လုံးမှ နားမလည်ပေ။ Yokက နွံထဲကျနေတာကို အခွင့်ကောင်းယူပြီး သူက ကျွန်တော့်ကို သူနဲ့အတူ ဆွဲခေါ်သည်။ Yokက ကျွန်တော်ထွက်သွားမှာကို ကြောက်နေပုံရပြီး ကျွန်တော်တို့ကိုမတားဘဲ ကျွန်တော်တို့နှစ်ယောက်ထွက်သွားတာကိုပဲ ရပ်ကြည့်ကျန်ခဲ့သည်။

Yok ဘာတွေဖုံးကွယ်ထားတာလဲ?။ကျွန်တော် တကယ်နားမလည်တော့ဘူး။

အခု ကျွန်တော် P'Dan နဲ့ Yok ရဲ့ အိမ်နားက ကော်ဖီဆိုင်သို့ ရောက်နေပြီ။ကျွန်တော်နဲ့ Sean ကြားက ဖြစ်ပျက်ခဲ့သမျှတွေ အပါအဝင် အဲဒီအတောအတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို သူ့ကိုပြောပြဖို့ သူက ကျွန်တော့်ကို အတင်းခိုင်းသည်။ ကျွန်တော်နဲ့ Sean ကြားက အဖြစ်အပျက်တွေကိုကြားတော့ သူ့မျက်နှာမှာ လေးလံတဲ့အမူအရာတစ်ချို့ပေါ်လာသည်။

"ကျွန်တော် သည်းမခံနိုင်တော့ဘူး P'Dan...ဘာလို့လူတိုင်းက ကျွန်တော့်ကိုအရူးလုပ်နေကြတာလဲ?ကျွန်တော့်အစ်ကို ကိုယ်တိုင်ကတောင် ကျွန်တော့်ကို ဘာတစ်ခွန်းမှ မပြောဘူး"

ကျွန်တော် ဆက်ပြောလိုက်သည်။
“Black ဘယ်မှာလဲ Pသိလား?"

"ဘယ်သူကသိမှာလဲ? မင်းကိုရှာဖို့ဆိုပြီး အဆောင်ကို သွားခဲ့တယ်လို့ပဲ ပြောခဲ့တာ ဒါပေမယ့် မင်းနဲ့Seanကိုမတွေ့ပေမယ့် Yok နဲ့Gramကိုတော့ တွေ့တယ်တဲ့"

သေချာတယ်... ကျွန်တော်နဲ့ Sean ရေချိုးခန်းထဲမှာ ရှိနေတဲ့အချိန်ပဲ...။

ရေချိုးခန်းတံခါးဖွင့်လိုက်ရင် ဘာဖြစ်သွားမလဲဆိုတာ တွေးကြည့်လို့ပင် မရပေ...။

Not Me{Myanmar Translation}Where stories live. Discover now