Chapter 12(1/2)

1K 114 20
                                    

Zawgyi

//ပထမဆုံးအတူရှိတဲ့ညက ကျွန်တော်တို့ပထမဆုံးအကြိမ်မဟုတ်ပါ//

"Sean!ဟုတ်ပြီ ဟုတ်ပြီ အရင်ပုံမပြောင်းနဲ့တော့!"

အခုလောလောဆယ် ကျွန်တော်ဘောလိဝုဒ်ရုပ်ရှင်ထဲရောက်နေသလို ခံစားရတယ်။ကျွန်တော့်မှာ Seanကိုလှည့်ပတ်နေရသည်။ စိတ်အနှောက်အယှက်ဖြစ်စရာ အကောင်းဆုံးကတော့ သူက ကျွန်တော်ထက် အရပ်မြင့်တာဘဲ။ သူနည်းနည်းလေး ခြေဖျားထောက်ပြီး ဖုန်းကို လေထဲကိုမြှောက်လိုက်ရုံပဲ၊ကျွန်တော့်မှာ ဘယ်လိုမှ မမှီတော့ပေ။

ကျွန်တော် သူ့ကို ဒေါသတကြီးကြည့်ရင်း
"Sean!"

သူရူးများရူးနေတာလား! ဒီပုံကို သူ့ပရိုဖိုင်ပုံအဖြစ်သုံးထားတာ Blackသာမြင်ရင် ကျွန်တော့်ကံကြမ္မာ ဘယ်လိုဖြစ်မလဲဆိုတာ တွေးကြည့်ရုံနဲ့တင် သိနိုင်သည်လေ။

"ဘာလို့ ဒီလောက်တောင် ရန်လိုနေတာလဲ?"
သူကအရီရောကာ မေးလာသည်။ကျွန်တော် သူ့ရှေ့မှာ ဒူးထောက်လိုက်ပြီး

"ဒီပုံကို မသုံးလို့မရဘူးလားဟင်?နော် ကျေးဇူးပြုပြီး... ပြောင်းပေးပါနော်..."

Sean က ကျွန်တော့်ကိုစိုက်ကြည့်လာပြီး သူ့မျက်နှာကို ကျွန်တော့်မျက်နှာရှေ့တိုးလာကာ "ငါ့ကို အရင်နမ်း..."

ဒီတောင်းဆိုချက်ကတော့ များသွားပြီ!။

"ဟင့်အင်း..."

"အိုကေလေ မင်းပြောပြီးပြီနော် ငါတို့ခုနဓာတ်ပုံကို အခုပဲပြောင်းလိုက်တော့မယ်.."

Seanက ပြောလည်းပြော ထိုင်ချကာ သူ့ဖုန်းကိုဖွင့်နေသည်။ဒါကြောင့် ကျွန်တော်မှာ သူ့ဘေးနားကို ဖြည်းညှင်းစွာ ထိုင်ချလိုက်ပြီး သူ့ပါးပြင်ကို နှာသီးဖျားနဲ့ မြန်မြန်ထိတွေ့လိုက်ရသည်။

Seanကလန့်သွားပြီး ကျွန်တော့်ကို လှည့်ကြည့်လာသည်။

"ငါ မင်းကို နမ်းပြီးပြီနော်...ကျေးဇူးပြုပြီး ဒီဓာတ်ပုံကိုမသုံးပါနဲ့နော်..."ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ချစ်စရာကောင်းအောင် အတတ်နိုင်ဆုံးလုပ်ပြီး ပြောလိုက်သည်။

Not Me{Myanmar Translation}Where stories live. Discover now