Chapter 10(2/2)

831 99 45
                                    

Unicode

"ပြီးပြီလား?"
အပြင်ရောက်တော့ Seanက
Blackကိုလှည့်မေးလာသည်။

"အေး ဖိနပ်​စီးဦးမယ်...ခဏလေး"
ထို့နောက် Blackက ထိုင်ကာ သူ့ဖိနပ်ကိုစီးသည်။ဖိနပ်ကြိုးကို အလောတကြီးနဲ့ သေချာမချည်တာကြောင့် သူ့ ပထမဆုံးခြေလှမ်းမှာတင် ခလုတ်တိုက်တော့သည်။သူ့ကို ကျွန်တော်လက်က အလိုလျောက် လှမ်းဖမ်းမည်လုပ်လိုက်သော်လည်း သူနဲ့အနီးဆုံးရှိSeanက ပိုမြန်သွားသည်။

ကျွန်တော် လက်သီး ကျစ်ကျစ်ဆုပ်လိုက်မိသည်။

"အရမ်း နမော်နမဲ့နဲ့"
Seanက ပြောလည်းပြော Blackရှေ့ထိုင်ချကာ ဖိနပ်ကြိုးတွေကို သေချာချည်ပေးနေတယ်။ကျွန်တော့်ရဲ့ရင်ထဲကဝေဒနာက တစ်ဖန်စူးအောင့်လာပြန်တယ်။အခုမြင်ကွင်းက ကျွန်တော်လည်း အရင်တုန်းကBlack အတွက် အခုလို လုပ်ပေးခဲ့ဖူးတာကို အမှတ်ရစေသည်။

ဒီနေ့ ကျွန်တော်မျက်စိထဲ Seanကဘာလို့ ဒီလောက်အမြင်ကပ်ဖို့ကောင်းနေရတာလဲ။ကျွန်တော် အခု သူ့ကိုသွားဆောင့်ကန်ပြစ်လိုက်ချင်ပမယ့် တကယ်တမ်း အခုလောလောဆယ် ကျွန်တော်လုပ်နိုင်တာတစ်ခုက နေရာမှာဒီတိုင်းရပ်နေရုံသာ။

Seanက Blackဆိုင်ကယ်ပေါ်တက်နေစဉ် လက်လေးကိုလည်း ကိုင်ပေးတယ်။နောက်ဆုံး ဆိုင်ကယ်ဦးထုပ်တောင် သူကိုယ်တိုင်ဆောင်းပေးနေတယ်။

ကျွန်တော့်မှာ ခြံတံခါးဝကနေ ဒီမြင်ကွင်းကို စူးစူးရဲရဲကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။ကျွန်တော့်ဘဝ ဘယ်လောက်သနားဖို့ကောင်းလိုက်သလဲ...။

“တာ့တာ့…”
Blackက လှမ်းအော်လာတယ်။ထို့နောက် သူက ကျွန်တော့်ဘက် ခေါင်းလှည့်လာကာ ပါးစပ်လေးလှုပ်ရုံမျှ တိုးတိုးလေးပြောလာတယ်။"မနက်ဖြန် လာရမယ်နော်..."

ကျွန်တော်တို့ပြောတာ Seanကြားမည် စိုး၍ထင်သည်။အခုချိန် Seanက Black ကို သူ့အိမ်ခေါ်ချင်ရုံစိတ်တစ်ခုတည်း ရှိတယ်ဆိုတာ ကျွန်တော့်ရဲ့ Luckyတောင် သိတယ်။ဒါကြောင့် Blackရဲ့ သဘောတူညီချက်မပါဘဲ ကျွန်တော် သူ့အိမ်ကိုလိုက်ဖို့ ခွင့်မပြုလိုက်သင့်ဘူး။

"တစ်ခုခုဖြစ်ရင် ငါ့ကိုဖုန်းသာဆက်လိုက်...သူနဲ့ရန်ဖြစ်ရင်ပဲဖြစ်ဖြစ် ငါကိုယ်တိုင် လာခေါ်မယ်"ကျွန်တော်ပြောတော့ Blackကရယ်သည်။

Not Me{Myanmar Translation}Where stories live. Discover now