Zawgyi
Seanက သူ့ကိုယ်သူ အကျီ င်္မလဲခင် ကျွန်တော့်ကိုသန့်ရှင်းပေး၊အကျီ င်္ဝတ်ပေးသည်။အကုန်လုံးပြီးစီးပြီးနောက် Seanက ကျွန်တော့်ဘေးနားမှာ လဲလျောင်းလာတယ်။ ကျွန်တော့်ကိုယ်လုံးကိုလှည့်ကာ ပုံမှန်လဲလျောင်းနေကြအတိုင်း တင်းတင်းကျပ်ကျပ်ဖက်သည်။
"ဒုတိယအကျော့လုံးဝထပ်မလုပ်ဘူးလို့ ငါကြိုပြောထားတယ်နော်" အရပ်ရှည်ရှည်နဲ့လူရဲ့ ရည်ရွယ်ချက်ကို ကျွန်တော်အရင်ပိတ်ပင်တားဆီးရတော့တယ်။
"ဟေး ကိုယ်လည်းဘာမှမလုပ်ရသေးပါဘူး"
Seanက စတော်ဘယ်ရီလို ချိုမြတဲ့အပြုံးနဲ့ ပြုံးပြီးပြောလာသည်။ Seanဆိုတာ မင်းတို့သိလား? သူ့ကိုသတိမထားမိအောင်ကြိုးစား မဟုတ်ရင် ဘာမှစားနိုင်မှာမဟုတ်ဘူး။"ကိုယ့်ကို တကယ်တားမှာလား?"
"ငါအိပ်ချင်ပြီ" ကျွန်တော် သူ့ကိုပြောပြီး စောင်ကို တင်းတင်းကျပ်ကျပ်ခြုံလိုက်သည်။ Seanကတော့ ကျွန်တော့်ကိုဆက်လက်စနောက်နေတုန်းပဲ။ သူက ကျွန်တော့်ကို တင်းတင်းကျပ်ကျပ်ဖက်ထားတာ အမေတစ်ယောက်လိုပဲ။
"ကျေနပ်ပြီလား?"
သူကမေးလာသည်။ ဘယ်လိုကောင်လေးမျိုးကများ သူ့ချစ်သူကိုFlirtတဲ့နည်း မသိလောက်လဲ?။"ကောင်းသောညချမ်းလေးဖြစ်ပါစေ"
ကျွန်တော် ရွဲ့လိုက်သည်။"အိုခေ ကောင်းသောညချမ်းလေးပါ"
Seanကပြောပြီး ကျွန်တော့်ရဲ့နဖူးကိုနမ်းသည်။"အိမ်မက်ကောင်းကောင်းမက်ပါစေဗျာ"
ကျွန်တော် Seanကိုပြန်တုံ့ပြန်လိုက်သည်။"အိမ်မက်ထဲမှာလည်း ကိုယ့်ကိုမက်ဦးနော်"
SEANက ပြောင်နောက်စွာပြောလာပြန်သည်။ သူက ခုထိတိတ်တဆိတ်ပြုံးနေတုန်းပဲ။"မင်းမှမသေသေးတာ...ဘယ်လိုလုပ် ငါ့အိမ်မက်ထဲလာလို့ရမှာလဲ?"
"ကြည့်ရတာ အားရှိသေးတယ်ထင်တယ်...ရန်တွေ့ဖို့တောင် အားအလုံအလောက်ရှိသေးတဟ်ဆိုတော့?" Seanကပြောရုံတင်မကသေး ကျွန်တော့်ကိုဆွဲလှည့်လိုက်တာကြောင့် ကျွန်တော့်မှာအော်ရတော့သည်။
"စတာ...စတာ! စိတ်လျော့ Sean!"
"မလျော့ဘူး!!!"
သူနဲ့ Sexလုပ်ပြီးတိုင်း ကျွန်တော့်မှာအားမရှိတော့သလို အမြဲပင်ပန်းသွားရတယ်။ ကျွန်တော် သူ့ကိုနောက်ထပ် ထပ်ပေးနိုင်မှာမဟုတ်ဘူး!။
-
-
-
မနက်ရောက်တော့
YOU ARE READING
Not Me{Myanmar Translation}
RomanceINCLUDES BOTH ZAWGYI AND UNICODE CHAPTER-INTRO+24 START DATE-18.9.2021 END DATE-9.3.2022 FULLY CREDIT TO ORIGINAL WRITER