Chapter 18(2/2)

1.2K 83 14
                                    

Scroll down for Unicode👇
---------------------
Zawgyi

~GRAM POV ~

ဒီနေ့ ကျွန်တော် Yokနဲ့အတူ ကျောင်းဝင်းထဲသို့ ဒေါသတကြီးမျက်နှာနဲ့သွားနေရသည်။ ကျွန်​​တော်​နဲ့ သူ နှစ်​​ယောက်​လုံး ကိုယ့်အတွေးနဲ့ကိုယ်များနေတာကြောင့် လမ်းတစ်လျှောက်တိတ်ဆိတ်နေသည်​။ပုံမှန်အားဖြင့် ဘယ်အရာကမှ ကျွန်တော့်ရဲ့ ပေါက်ပေါက်ဖောက်သကဲ့သို့ပြောဆိုမှုတွေကို မရပ်တန့်စေနိုင်ပါ။

"ဟေ့ကောင် မင်း Seanနဲ့စကားပြောပြီးပြီလား"
ရုတ်​တရက်​ Yokက ​ကျောင်းဆောင်သို့အတူတူ လမ်း​လျှောက်​​လာရင်း လှမ်းမေးသည်။

"မပြောရသေးဘူး!"

ကျွန်တော် ဒေါသတကြီးနဲ့ ပြန်ဖြေလိုက်သည်။ဟိုရန်ပွဲပြီးကတည်းက Seanက Blackကိုသွားရှာမယ်ဆိုပြီး ထွက်သွားခဲ့ကာ အဲ့ကတည်းက အချင်းချင်း စကားမပြောဖြစ်ကြသေးပေ။Yokက ဘာအကြောင်းပြောချင်တာလဲ?။ တစ်ယောက်နဲ့တစ်ယောက် ဒီတိုင်းစိတ်ဆိုးကြတယ်ထင်နေတာလား?။ကျွန်တော်ကတော့ စိတ်ဆိုးကျရုံလေးလို့ မထင်ဘူး...အသည်းကွဲတာလို့ ပြောရလိမ့်မယ်။ ခင်မင်မှုကြောင့်လား အချစ်ကြောင့်လား?။ကျစ်! ပြောရခက်တယ်။

ကျွန်တော်က Blackကို သဘောကျနေတယ်ဆိုတာ သူသိပြီးဖြစ်သလို သူ Blackကိုသဘောကျတာလည်း ကျွန်တော်သိပြီးဖြစ်သည်။ ဒါပေမယ့် Blackက ဘယ်သူကိုချစ်လဲဆိုတာတော့ မသိဘူး။

သူသာ ကျွန်တော့်ကိုချစ်ရင် Seanက ဘာလို့သူ့မိန်းမလို့ခေါ်တာလဲ။ Seanက ဘာလို့ Blackကသူ့ကိုရွေးချယ်မယ်ဆိုတာ သေချာနေတာလဲ။ပြီးတော့ Blackက Seanကိုချစ်ရင် သူဘာလို့ကျွန်တော်နဲ့အိပ်ခဲ့သေးလဲ။

ကျစ်!၊အခု ကျွန်တော်စိတ်ထဲမှာ မေးစရာတစ်ခုပဲရှိတယ်။ စိတ်ပျက်စရာကောင်းတာက အဲ့မေးခွန်းက အဖြေမရှိတာဘဲ။အဓိကက ဒါပဲ။

"သူ့ကို လုံးဝစကားမ​ပြောတော့ဖို့များ ဆုံးဖြတ်ထားတာလား?"

လာမမေးပါနဲ့ကွာ။

“ငါ ဘာပြောသင့်လဲ? မကြာသေးခင်ကမှ ငါတို့အချင်းချင်းရန်ဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်သတ်ဖို့အထိ ရည်ရွယ်ထားကြတာကို"ကျွန်တော် ပြန်ပြောမိသည်။

Not Me{Myanmar Translation}Where stories live. Discover now