Chapter 8(1/2)

815 110 6
                                    

Zawgyi

//ငါ့ဆီက ပုန်းရှောင်နေတာ ရပ်ပါတော့//

"ငါက သူ့အကြောင်းတွေကို အရေးစိုက်တယ်လို့ မင်းကိုဘယ်သူပြောလဲ?"ထို့နောက် Danက သူ့ပခုံးကို အတင်းခါယမ်းကာ"သူက ငါ့အတွက် ဘာမှအရေးမကြီးဘူး"

သူစကားကြောင့် ကျွန်တော်ပြုံးလိုက်ပြီး
"သူက မင်းအတွက်အရေးကြီးတယ်ဆိုတာ မင်းမကြာခင်သိပါလိမ့်မယ်..."

//Black POV End//

ရက်အနည်းငယ်ကြာသော်~

ဒီနေ့ စာသင်ချိန်တွေအားလုံးပြီးဆုံးပြီးဖြစ်တာကြောင့် ကျွန်တော်တို့ကျောင်းတံခါးဆီသို့ မောပန်းစွာ လျှောက်လာခဲ့ကြသည်။ဒီနေ့ကစ၍ ပါမောက္ခက ကျွန်တော်တို့ပရာဂျက်တွေအားလုံးရဲ့ တိုးတက်မှုကို စတင်စစ်ဆေးနေပြီဖြစ်သောကြောင့် ဒီနေ့သင်ခန်းစာများက ကျွန်တော်တို့ကို ညှဉ်းပန်းနှိပ်စက်မှုသက်သက်ပင်။

"ငါဒီတစ်ပတ် သူ့အိမ်သွားလည်တဲ့အကြိမ်အရေအတွက်က ငါနဲ့အတူအိပ်ခိုင်းဖို့တော့ လုံလောက်သင့်ပြီလေ..." Gramကငြီးတွားနေသည်။အဆက်မပြတ်စကားတွေပြောနေသော ပရော်ဖက်ဆာတစ်ယောက်သာ Gram ပြောတာတွေကို ကြားခဲ့ရင် ချက်ချင်း ဆူပူကြိမ်းမောင်းမှာအသေအချာပင်။

"ကောင်းပြီ...ငါတို့ကပရောဂျက်ကို ပြီးအောင်မလုပ်နိုင်ဘူးလို့ ဘယ်သူ ပြောလဲ?....မင်းပဲဟိုရက် ဒီရက်နဲ့ရွှေ့နေတာလေ"Yokက ပြောသည်။

" Sean နဲ့ Blackကတော့ လွယ်လွယ်နဲ့ ကျော်ဖြတ်သွားကြပြီး Fuck! ငါကျတော့ ပိုလေ့လာလေလေ စိတ်တွေ ရှုပ်လာလေလေဘဲ ငါ့မှာ ရည်းစားရှာဖို့ အချိန်လေးတောင် မရှိတော့ဘူး!" Gram ရဲ့ ပေါက်ကွဲသံကြောင့် ကျွန်တော်ရီလိုက်မိသည်။

"အေး ဒီအကြောင်းပြောရရင် Black! မင်းရဲ့အင်္ဂလိပ်စာက ဘယ်တုန်းက ဒီလောက်ကောင်းလာတာလဲ? မင်းဘယ်ကသင်ခဲ့တာလဲ?မင်းနဲ့ Sean ရဲ့တင်ပြချက်တွေကို ငါတောင် နားမလည်နိုင်ဘူး....ကြည့်ရတာ ငါတို့နှစ်ယောက်လုံးက မတူညီတဲ့ကမ္ဘာကနေ လာခဲ့ကြပုံရတယ်" Yok ပဟေဠိဆန်တဲ့အကြည့်နဲ့ ကျွန်တော့်ကိုကြည့်ပြီးမေးသည်။

ဒီနေ့တင်ဆက်မှုအတွက်က အင်္ဂလိပ် ဒါမှမဟုတ် ထိုင်းဘာသာဖြင့် အသုံးပြုရန် ရွေးချယ်နိုင်သည်။ အင်္ဂလိပ်လိုသုံးရင် ဘောနပ်စ်အမှတ်တွေ ပိုရရှိလာမှာဖြစ်ပြီးအင်္ဂလိပ်လို တခြားအစီရင်ခံစာတွေကို လုပ်စရာမလိုတော့ပေ။ထိုကြောင့် ကျွန်တော်နဲ့ Seanနှစ်ယောက်သား အတူဆွေးနွေးပြီးနောက် အင်္ဂလိပ်လိုသုံးရန် ဆုံးဖြတ်ခဲ့သည်။Blackက ဒီဘာသာစကားမှာ အဆိုးဆုံးဆိုတာ ကျွန်တော်သိပေမယ့် ကျွန်တော်ကတော့ နိုင်ငံတကာကျောင်းကဖြစ်တာကြောင့် အရမ်းကျွမ်းကျင်တယ်လေ။

Not Me{Myanmar Translation}Where stories live. Discover now