Chapter 4(2/2)

685 107 6
                                    

Scroll down for Unicode
-----------------
Zawgyi

"အခုဖြစ်နေတာ Namoနဲ့ဘာမှမဆိုင်ဘူး...
မင်းကြောင့်လို့!"

"ဘာ...ငါကဘာလုပ်နေလို့လဲ?"
ကျွန်တော် ကိုယ့်ကိုကိုယ် လက်ညှိုးထိုးကာပြန်မေးလိုက်သည်။

"မင်းက ငါ့ထက်Yokကို ပိုအရေးပေးတာ...ငါမကြိုက်ဘူး! ပြီးတော့ အခုဖြစ်နေတာ Namoနဲ့ဘာမှမဆိုင်ဘူးဆိုတာ မင်းခေါင်းထဲမြဲမြဲမှတ်ထား...Yokက သူ့ကိုကြိုက်နေတာကို မသိလောက်အောင် ငါကတုံးတယ်လို့ မင်းထင်နေတာလား!? ငါကသူ့ကို အရင်ချဉ်းကပ်ခဲ့တဲ့လူမလို့ ငါပိုသိတယ်!!"

"မင်း....မင်းYokကို စိတ်မဆိုးပါနဲ့~"ပြောနေတုန်း ရုတ်တရက်ကြီး Seanက ကော်လံကိုဆောင့်ဆွဲလိုက်တာကြောင့် ကျွန်တော်စကားတောင် မဆုံးသွားရပေ။ကြောက်လာသည်နှင့်အလိုလို ပါးစပ်ပိတ်လိုက်မိသည်။

"ငါ့ကို သစ္စာဖောက်တဲ့လူတွေကို ငါအရမ်းမုန်းတယ် ငါ့ရည်းစားက တစ်ခြားယောကျာင်္းတွေကို ကြိုက်လို့မရဘူး...ငါ့အရင်းနှီးဆုံးသူငယ်ချင်းက ငါ့ထက်ပိုပြီး ဘယ်သူ့နဲ့မှ ပိုမရင်းနှီးရဘူး...မင်းနားလည်လား!"

"ငါ...ငါနားလည်ပါပြီ"

Seanဒေါသထွက်တဲ့အခါ အရမ်းကြောက်ဖို့ကောင်းတာဘဲ။တကယ်ကို စောက်ရမ်းကြောက်ဖို့ကောင်းတာ!။

"ကောင်းတယ်...မင်းနားလည်ထားတာ"ထို့နောက် Seanက ကျွန်တော့်ကို လွှတ်ပေးပြီး စာအုပ်တွေဘက်လှည့်ကာ ပြန်ရှာနေသည်။ထိုအချိန်မှာဘဲ ဖုန်းကရုတ်တရက်ထမြည်လာတာကြောင့် Yojinဆက်ပြန်ပြီလို့ ထင်လိုက်မိသည်။သို့သော် စခရင်ပေါ်မှ နာမည်ကိုမြင်မှ ထိတ်လန့်သွားရသည်။

Black!!။ဖုန်းခေါ်နေတဲ့သူက Black!!။

"မင်းဘာလုပ်နေတာလဲ?မကိုင်ဘူးလား...
မင်းကောင်မလေးလား?"Seanက မေးလာသည်။

"ဟုတ်တယ်...ငါအပြင်မှာ ဖုန်းသွားပြောလိုက်ဦးမယ်"

"အင်း တတ်နိုင်သလောက်မြန်မြန်ပြန်လာ"

ထို့နောက် ကျွန်တော်လည်း စာကြည့်တိုက်အပြင်ကို ပြေးထွက်လာပြီး ဖုန်းကိုအမြန်ကိုင်လိုက်သည်။မဟုတ်ရင် ဖုန်းသံဆုံးလို့မှ မကိုင်မိလို့ကတော့ Blackဒေါသကို ထိန်းလို့ရမှာမဟုတ်ဘူး။

Not Me{Myanmar Translation}Where stories live. Discover now